Friday, January 03, 2020

ရန်ကုန် Control Centerကြီးကိစ္စ စာမလာသတင်းမကြား သတင်းပျောက်ဖြစ်နေ၍ ပြန်လည်မေးမြန်းရဦးမည်ဟု ဒဂုံမြို့နယ် အမတ်ပြော

Image may contain: 1 person
ရန်ကုန်တိုင်းဒေသကြီးရှိ Control Center ကြီးအကြောင်း နှင့် ပတ်သက်လျင် စာမလာ သတင်းမကြားနှင့် သတင်းပျောက်ဖြစ်နေပြီး ၊ လွှတ်တော်တွင်မေးခွန်းမေးပြန်လျင်လည်း တာဝန်ရှိသူများက လာရောက်ဖြေရှင်းခြင်းမရှိသည့် အတွက် လာမည့်လွှတ်တော်တွင် ထပ်မံ မေးမြန်ရဦးမည်ဟု ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက The Fifth Wave သို့ ပြောသည်။

“Control Center ကြီးကတော့ သတင်းပျောက်ပေါ့ဗျာ။စာမလာသတင်းမကြားနဲ့ အခြေအနေမကောင်း၊ဒါကို ကျွန်တော်မေးခွန်းမေးထားတယ်၊အဲဒီမေးခွန်းကလည်း အရင်ကတည်းကမေးထားတာ လာမဖြေ၊နောက်ဆုံးအနေအထားမှာ ထပ်ပြီးဆွေးနွေးသွားရဦးမယ်”ဟုပြောသည်။
အဆိုပါ Control Center နှင့်ပတ်သက်ပြီး ရန်ကုန်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBSယာဉ်များ ဘရိတ် ဘယ်နှစ်ချက် နင်းသည်ကစ Yangon Bus Operator က စောင့်ကြည့် သိနိုင်ပြီး ၊ ခရီးသည်တင် မော်တော်ယာဉ်ကြီးများ မောင်းနှင်သွားလာမှုတွင် ယာဉ်များအား စည်းကမ်း စနစ်တကျရှိရေး ကြီးကြပ်နိုင်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။
၂၀၁၉ ခုနှစ် ၊ မေလ ၊ ၈ / ၉ရက်များတွင် ဗဟိုမီးပွိုင့်ထိန်းချုပ်မှုစမ်းသပ်ပြုလုပ်ခဲ့ရာ ထို ၂ရက် တွင် ရန်ကုန်မြို့၌ ယာဉ်ကြောကြပ်တည်းမှု အကြီးအကျယ်ဖြစ်ပွားခဲ့ကြောင်း နှင့် ၂၀၁၅/၁၆ဘဏ္ဍာရေးနှစ်၏စာရင်းစစ်ချုပ်အစီရင်ခံစာတွင် Myanmar Shwe Ying International Co,Ltd & China Railway21st Burea Group Co,Ltd(China) နှင့် ၁၈ ဒသမ ၉၃၈ ဘီလီယံဖြင့် စာချုပ်ဆောင်ရွက်ခဲ့ရာလုပ်ငန်းမပြီးစီးသည့်အတွက် ဒဏ်ကြေး ၂၁၀၀၀သန်း ရရှိထားပြီး ဒဏ်ကြေး ဆက်လက်ပေးဆောင်ခြင်း မရှိကြောင်းလည်း သိရသည်။
--------------------------------------------------------------------------

(Zawgyi)
ရန်ကုန် Control Centerကြီးကိစ္စ စာမလာသတင်းမကြား သတင်းပျောက်ဖြစ်နေ၍ ပြန်လည်မေးမြန်းရဦးမည်ဟု ဒဂုံမြို့နယ် အမတ်ပြော
ဇန်နဝါရီ ၃
ဇော်ဇော်ထွန်း
ရန်ကုန်တိုင်းဒေသကြီးရှိ Control Center ကြီးအကြောင်း နှင့် ပတ်သက်လျင် စာမလာ သတင်းမကြားနှင့် သတင်းပျောက်ဖြစ်နေပြီး ၊ လွှတ်တော်တွင်မေးခွန်းမေးပြန်လျင်လည်း တာဝန်ရှိသူများက လာရောက်ဖြေရှင်းခြင်းမရှိသည့် အတွက် လာမည့်လွှတ်တော်တွင် ထပ်မံ မေးမြန်ရဦးမည်ဟု ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက The Fifth Wave သို့ ပြောသည်။
“Control Center ကြီးကတော့ သတင်းပျောက်ပေါ့ဗျာ။စာမလာသတင်းမကြားနဲ့ အခြေအနေမကောင်း၊ဒါကို ကျွန်တော်မေးခွန်းမေးထားတယ်၊အဲဒီမေးခွန်းကလည်း အရင်ကတည်းကမေးထားတာ လာမဖြေ၊နောက်ဆုံးအနေအထားမှာ ထပ်ပြီးဆွေးနွေးသွားရဦးမယ်”ဟုပြောသည်။
အဆိုပါ Control Center နှင့်ပတ်သက်ပြီး ရန်ကုန်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBSယာဉ်များ ဘရိတ် ဘယ်နှစ်ချက် နင်းသည်ကစ Yangon Bus Operator က စောင့်ကြည့် သိနိုင်ပြီး ၊ ခရီးသည်တင် မော်တော်ယာဉ်ကြီးများ မောင်းနှင်သွားလာမှုတွင် ယာဉ်များအား စည်းကမ်း စနစ်တကျရှိရေး ကြီးကြပ်နိုင်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းစာအုပ်တွင် ဖော်ပြထားသည်။
၂၀၁၉ ခုနှစ် ၊ မေလ ၊ ၈ / ၉ရက်များတွင် ဗဟိုမီးပွိုင့်ထိန်းချုပ်မှုစမ်းသပ်ပြုလုပ်ခဲ့ရာ ထို ၂ရက် တွင် ရန်ကုန်မြို့၌ ယာဉ်ကြောကြပ်တည်းမှု အကြီးအကျယ်ဖြစ်ပွားခဲ့ကြောင်း နှင့် ၂၀၁၅/၁၆ဘဏ္ဍာရေးနှစ်၏စာရင်းစစ်ချုပ်အစီရင်ခံစာတွင် Myanmar Shwe Ying International Co,Ltd & China Railway21st Burea Group Co,Ltd(China) နှင့် ၁၈ ဒသမ ၉၃၈ ဘီလီယံဖြင့် စာချုပ်ဆောင်ရွက်ခဲ့ရာလုပ်ငန်းမပြီးစီးသည့်အတွက် ဒဏ်ကြေး ၂၁၀၀၀သန်း ရရှိထားပြီး ဒဏ်ကြေး ဆက်လက်ပေးဆောင်ခြင်း မရှိကြောင်းလည်း သိရသည်။
#thefifthwavenews

No comments:

Post a Comment

My Blog List