Friday, January 03, 2020

စာစစ်လုပ်ငန်း များကို ဘာသာရပ် နှင့်ကိုက်ညီသော အထက်တန်းပြ ဆရာ၊ဆရာမများကို တာဝန်ပေးသွားမည်

Image may contain: one or more people, crowd and outdoor
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စာစစ်လုပ်ငန်း များကို ဘာသာရပ် နှင့်ကိုက်ညီသော အထက်တန်းပြ ဆရာ၊ဆရာမများကို တာဝန်ပေးသွားမည် ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေး မှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်း ချက်များဆိုင်ရာ ဆွေးနွေးပွဲတွင် ဒေါက်တာမျိုးသိမ်းကြီးက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အတူ နိုင်ငံကောင်းရန်အတွက် ပညာရေး စနစ်ကောင်းရန် အရေးကြီးကြောင်း၊ ပညာရေးစနစ် ကောင်းမွန်ရေးအတွက် အရည်အသွေးရှိသော ပညာရေးစနစ်သို့ ပြုပြင်ပြောင်းလဲ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ညီညီညွတ်ညွတ် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြုပြင်ပြောင်းလဲမှု ကာလအတွင်း အားသာ ချက် များကို ပိုမိုအား ကောင်းရေး၊ အားနည်းချက်များကို ပြန်လည်သုံးသပ်၍ အားကောင်းရေး ဆောင်ရွက်ကြရမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မတ် ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပသွားမည် ဖြစ်ရာ စာမေးပွဲမေးခွန်း၊ အဖြေလွှာ၊ စာစစ်လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်းများ လုံခြုံမှုရှိစေရေး၊ သတ်မှတ် စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊လည်း ဒေါက်တာမျိုးသိမ်းကြီးကပြောသည်။

ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများကို လုပ်ထုံးလုပ်နည်း နှင့်အညီ အကျိုးရှိထိရောက်ပြီး ပွင့်လင်း မြင်သာစွာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာ တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပြီး စာစစ်လုပ်ငန်း ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်ဆရာမများ၊ အသက်အရွယ်ကြီးသော ဆရာ၊ဆရာမများ၊ ကျန်းမာရေးမကောင်းသော ဆရာ၊ဆရာမများ၊ ဘာသာရပ်နှင့် မကိုက်ညီသော အထက်တန်းပြ ဆရာ၊ဆရာမများကို စာစစ်တာဝန်ပေးခြင်း မပြုရန်လိုအပ်ကြောင်း ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့သည်။

The Ladies News
စာစစ်လုပ်ငန်း များကို ဘာသာရပ် နှင့်ကိုက်ညီသော အထက်တန်းပြ ဆရာ၊ဆရာမများကို တာဝန်ပေးသွားမည်
--- --- ---

No comments:

Post a Comment

My Blog List