Thursday, January 02, 2020

အီရတ်ရှိ အမေရိကန်သံရုံးတိုက်ခိုက်ခံရ

Image may contain: one or more people, people standing and outdoor
အီရတ်အခြေစိုက်ဟစ်ဇ်လိုလာစစ်သွေးကြွအဖွဲ.ကိုပြန်လည်လက်စားချေတဲ့ ဒီဇင်ဘာ၃၁ရက်အေ မရိကန်ရဲ.ဒုံးကျည်ပစ်ခတ်မူတွေနောက်မှာပဲ ရာနဲ့ချီတဲ.အီရတ်ဆန္ဒပြသမားတွေ ဟာအီရတ်နိုင်ငံ ဘတ်ဂ်ဒတ်မှာရှိတဲ.အမေရိကန်သံရုံးကိုဝင်စီးဖို.ကြိုးစားခဲ.ကြပါတယ်။

ဆန္ဒပြသမားတေကအမေရိကန်ဆန်.ကျင်ရေးဆောင်ပုဒ်တွေကိုကြွေးကြော်ကာသူတို.မြေမှအမေရိကန်တွေထွက်သွားဖို.တောင်းဆိုခဲ.ကြသလိုသံရုံးတံတိုင်းကိုလည်းဖြိုချဖို.ကြိုးစားခဲ.ပါတယ်။နောက်ဆုံးခြံဝင်းကိုဖြတ်ကျော်ပြီးလူ၂၀ကျော်လောက်အထိသံရုံးအဆောက်အဦးထဲဝင်သွားနိုင်ခဲ့ပေမယ့် အမေရိကန်တပ်ဖွဲ.တွေရဲ.မျက်ရည်ရိုဗုံးနဲ. လူစုခွဲမှုတွေကြောင်.ပြန်လည်ထွက်ခွာလာခဲ.ရပါတယ်။
အီရတ်ဝန်ကြီးချုပ်အဒူလ် မက်ဒီကတော. ဆန္ဒပြသမားတေရဲ. ကျူးကျော်မှုကိုချက်ချင်းထိမ်းချုပ်ဖို.တပ်ဖွဲ.-ဝင်အများအပြား ချက်ချင်းစေလွှတ်ခဲ့ ကာသံတမန်ရပ်ကွက်ကို တိုက်ခိုက်ခြင်းကရာဇဝတ်မူဖြစ်ကြောင်းရှုတ်ချခဲ.ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရန်.ကတော.ဒီလုပ်ရပ်ကိုနောက်ကွယ်ကထောက်ပံ.ပေးနေသူအီရန်လိုစွပ်စွဲထားကာဒီအတွက်ကြောင်.ကြီးကြီးမားမားပြန်လည်ပေးဆပ်ရမယ်လို.လည်းချက်ချင်းတုန်.ပြန်လိုက်ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးမာ.ခ်အက်စ်ပါကတော.အီရတ်ကိုအမေရိကန်တပ်ဖွဲ.ဝင်၇၅၀တပ်ဖြန်.ချထားဖို.ချက်ခြင်းကြေငြာခဲ.ပါတယ်။
Ref;Reuters
Trump threatens Iran with 'big price' to pay over US embassy attack

No comments:

Post a Comment

My Blog List