Friday, January 03, 2020

ကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရတောင်းဆိုချက်များကို (၅) ရက်အတွင်း မဖြေရှင်းပေးလျှင် ကျောင်း ဝန်းအတွင်း ပြင်းထန်သောပုံစံများဖြင့် ဆက်လက်လှုပ်ရှားမည်ဖြစ်ကြောင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)ကျောင်းသားများထုတ်ပြန်

Image may contain: 1 person, standing, tree, sky, basketball court, outdoor and natureImage may contain: one or more people and outdoor

ကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရတောင်းဆိုချက်များကို (၅) ရက်အတွင်း မဖြေရှင်းပေးလျှင် ကျောင်းဝန်းအတွင်း ပြင်းထန်သောပုံစံများဖြင့် ဆက်လက်လှုပ်ရှားသွားမည်ဖြစ်ကြောင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ကျောင်းသားများ ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ကျောင်းသားများက ယနေ့ဆန္ဒထုတ်ဖော် တောင်းဆို ရာတွင် (၁)ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး ဒို့အရေး၊ (၂)ကျောင်းသားထုကို ဖိနှိပ်ထားသောကျောင်း စည်းကမ်းချက်များ အလိုမရှိ၊ (၃)အဆောင်နေထိုင်ခွင့်ရရှိရေး ဒို့အရေးစသည့်ကြွေးကြော်သံများဖြင့် ကျောင်း ဝန်းအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့၏ ကျောင်းသားထုအခွင့်အရေးချိုးဖောက်‌နေမှုများကို (၅) ရက်အတွင်း ဖြေရှင်းပေးရန်ရာဇသံပေးခဲ့ပါတယ်။ (၅)ရက်အတွင်း ကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရမှုကို မဖြေရှင်း ပေးပါကကျောင်းဝန်းအတွင်း ပြင်းထန်သောပုံစံများဖြင့် ဆက်လက်လှုပ်ရှားသွားမည်ဖြစ်ကြောင်း ဆိုပါတယ်။
ကျောင်းဝန်းအတွင်း ဆက်လက်ဖြစ်ပေါ်လာမည့်ကိစ္စအဝဝသည် ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့၏ ဖိနှိပ် မှုများကြောင့်သာဖြစ်ကြောင်း၊ ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့တွင်သာ တာဝန်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။
(Unicode)
ကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရတောင်းဆိုချက်များကို (၅) ရက်အတွင်း မဖြေရှင်းပေးလျှင် ကျောင်း ဝန်းအတွင်း ပြင်းထန်သောပုံစံများဖြင့် ဆက်လက်လှုပ်ရှားမည်ဖြစ်ကြောင်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)ကျောင်းသားများထုတ်ပြန်
……………………………………………………

ရန်ကုန်၊ ဇန်နဝါရီ - ၃
ကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရတောင်းဆိုချက်များကို (၅) ရက်အတွင်း မဖြေရှင်းပေးလျှင် ကျောင်း ဝန်းအတွင်း ပြင်းထန်သောပုံစံများဖြင့် ဆက်လက်လှုပ်ရှားသွားမည်ဖြစ်ကြောင်း အမျိုးသားယဉ်ကျေးမှုနှင့် အနု ပညာတက္ကသိုလ်(ရန်ကုန်)ကျောင်းသားများ ထုတ်ပြန်လိုက်ပါတယ်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ကျောင်းသားများက ယနေ့ဆန္ဒထုတ်ဖော် တောင်းဆို ရာတွင် (၁)ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး ဒို့အရေး၊ (၂)ကျောင်းသားထုကို ဖိနှိပ်ထားသောကျောင်း စည်းကမ်းချက်များ အလိုမရှိ၊ (၃)အဆောင်နေထိုင်ခွင့်ရရှိရေး ဒို့အရေးစသည့်ကြွေးကြော်သံများဖြင့် ကျောင်း ဝန်းအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။
ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့၏ ကျောင်းသားထုအခွင့်အရေးချိုးဖောက်နေမှုများကို (၅) ရက်အတွင်း ဖြေရှင်းပေးရန်ရာဇသံပေးခဲ့ပါတယ်။ (၅)ရက်အတွင်း ကျောင်းသားထုအခွင့်အရေးချိုးဖောက်ခံရမှုကို မဖြေရှင်း ပေးပါကကျောင်းဝန်းအတွင်း ပြင်းထန်သောပုံစံများဖြင့် ဆက်လက်လှုပ်ရှားသွားမည်ဖြစ်ကြောင်း ဆိုပါတယ်။
ကျောင်းဝန်းအတွင်း ဆက်လက်ဖြစ်ပေါ်လာမည့်ကိစ္စအဝဝသည် ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့၏ ဖိနှိပ် မှုများကြောင့်သာဖြစ်ကြောင်း၊ ကျောင်းအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့တွင်သာ တာဝန်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။

No comments:

Post a Comment

My Blog List