Friday, January 03, 2020

မြန်မာနိုင်ငံနိမ့်ကျနောက်ကျနေသည့် အခြေခံအကြောင်းသည် ညီညွတ်မှု မရှိ၍ဖြစ်ကြောင်း သူရဦးရွှေမန်းပြောကြား

Image may contain: 1 person, standing and on stage

မြန်မာနိုင်ငံနိမ့်ကျနောက်ကျနေသည့် အခြေခံအကြောင်းသည် ညီညွတ်မှု မရှိ၍ဖြစ်ကြောင်း UBPပါတီ ခေါင်းဆောင် သူရဦးရွှေမန်းက ဇန်နဝါရီ ၃ ရက်တွင် ပြောကြားလိုက်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ၊ ပါတီတွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
“မိုးလားလေလားလေလုံးတွေထွားတစ်ချိန်တုန်းက ရွှေထီးဆောင်း ခဲ့ရတဲ့ ကာလ လေးကိုပဲ အမွှန်းတင် ကောက်ရိုးမီးစိတ်ဓါတ်နဲ့ ဖြစ်ထားသမျှကိစ္စတွေက သင်ခန်းစာ ယူရတော့မယ် ဒီနေ့မြန်မာနိုင်ငံ ဒီလိုနိမ့်ကျနောက်ကျနေတဲ့ အခြေခံအကြောင်း ကတော့ ညီညွတ်မှုမရှိလို့ ခေတ်စကားနဲ့ပြောရမယ်ဆို တစ်ဦးနဲ့ တစ်ဦးရန်ဖြစ်နေလို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်ဖြစ်နေတယ် အဲ့ဒီအတိုင်းပဲ တစ်ဖွဲ့နဲ့တစ်ဖွဲ့အပြစ်တွေ ပြောနေတယ်။ ကိုယ်ကောင်းကြောင်း သူများမကောင်းကြောင်းတွေ ဒီလိုပြောနေတဲ့ အတွက် ညီညွတ်မှုမရှိဘူးလေ အဲ့ဒီတော့ ရန်ဖြစ်တယ်လေ။ ရန်ဖြစ်တဲ့အခါမှာ မိမိတို့ရဲ့ အားတွေက ရန်ပွဲထဲရောက်သွားတယ် တိုက်ပွဲထဲရောက်သွားတယ်။ တိုက်ပွဲ ထဲရောက်သွားတယ် အပျက်ဘက်ရောက်သွားတယ် လူတွေသေကြတယ်။ ပစ္စည်းတွေ ပျက်စီးသွားတယ် ပြီးတဲ့အခါကျတော့ အမိမဲ့အဖမဲ့ ဖြစ်သွားတယ်။ အိုးအိမ်တွေ ပျက်စီးသွားတယ်။ အဲ့ဒီတော့ ဆုံးရှုံးသွားတာပေါ့။ အဲ့ဒါကိုပဲ အကောင်း ထင်ပြီးတော့ ဆောင်ရွက်နေမယ်ဆိုရင် မိမိတို့မြန်မာနိုင်ငံ မိုးနဲ့လေထဲ ကြားထဲမှာ အခုလို ဒုက္ခတွေနဲ့ကြုံနေရမှာ”ဟု သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
ထို့အတူ ပါတီဝင်များအနေဖြင့် သူများမကောင်းကြောင်းမပြောရန် ၊ ကိုယ်ကောင်း အောင်နေရန်၊ သူများကို အပြစ်မပြောပဲ ကိုယ်အပြစ်မဖြစ်အောင်နေရန်နှင့် မည်သူ တရားပျက်ပျက်ကိုယ်မပျက်ရန်လည်း သူရဦးရွှေမန်းကပြောကြားခဲ့သည်။
The Ladies News
မြန်မာနိုင်ငံနိမ့်ကျနောက်ကျနေသည့် အခြေခံအကြောင်းသည် ညီညွတ်မှု မရှိ၍ဖြစ်ကြောင်း သူရဦးရွှေမန်းပြောကြား
--- --- ---

No comments:

Post a Comment

My Blog List