Friday, January 03, 2020

Hemp စိုက်ပျိုးမှုနှင့်ပတ်သက်၍ အာမခံ ရထားသည့် အမေရိကန်နိုင်ငံသား ဆက်သွယ်မရဖြစ်နေ

Image may contain: one or more people and people sitting
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်အတွင်းရှိ မြို့သာစက်မှုဇုန်အတွင်း ချဉ်ပေါင်နွယ်ဝင် Hemp များ စမ်းသပ်စိုက်ပျိုးမှုအား မူးယစ်ဆေးဝါးမှုဖြင့်ပတ်သက်၍ အာမခံရထားသည့် အမေရိကန်နိုင်ငံသား ဆက်သွယ်မရဖြစ်နေကြောင်း သိရသည်။

ယခင်က အချုပ်ဖြင့် အမှုရင်ဆိုင်နေရသည့် အမေရိကန်နိုင်ငံသား Mr. John Fresric Todoroki ကို၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က ကျန်းမာရေးအကြောင့် ကျပ်သိန်းသုံးထောင်တန် ခံဝန်ဖြင့် အာမခံပေးခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံသား Mr. John Fresric Todoroki တွင် အဆုတ်ရောဂါ နှင့် အခြားရောဂါရှိနေသည့်အတွက် ပန်းလှိုင်ဆေးရုံတွင် ဆေးကုသမှုခံယူမှုများ လုပ်နေရကြောင်း ၎င်း၏ အကျိုးဆောင်ရှေ့နေအဖွဲ့ က သိရသည် ။
.ပန်းလှိုင်ဆေးရုံတက်နေတဲ့အချိန်အထိ အဆက်အသွယ်ရတယ်။ဆေးရုံတက်ပြီး နောက်ပိုင်းဆက်သွယ်လို့ မရတော့ဘူး။အမှုကတော့ ဆက်သွားရမှာပါ" ဟု အမေရိကန်နိုင်ငံသား Mr. John Fresric Todoroki ၏ ရှေ့နေအဖွဲ့မှ တရားလွှတ်တော် ရှေ့နေဦးသိန်းသန်းဦးက ပြောသည်။
အမှုနှင့်ပတ်သက်၍ အမှုတွဲချေဖျက်ပေးရန် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင် လျှောက်ထားခဲ့ရာ မူလစစ်ဆေးနေသည့် မြင်းခြံခရိုင်တရားရုံးတွင် ပြန်လည်စစ်ဆေးရန် အမိန့်ချထားခဲ့သည်။
အဆိုပါစိုက်ခင်းနေရာအား ဧပြီလ ၂၂ ရက်နေ့က ရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA) ၊ အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ က သွားရောက် စစ်ဆေးရာ အဆိုပါစက်မှုဇုန်၌ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင်ပါရှိသည်ဟု ယူဆရသော စိုက်ခင်း ၆၀ ဧကခန့်၊ စိုက်ခင်းအတွင်းရှိ ပင်မအဆောက်အဦးအတွင်း ဆေးခြောက်ဟုယူဆရသည့် အစေ့၊ အဆီ၊ အစေ့၊ Formic Acid ဟုယူရသည့် အရည်၊ အက်သနောဟုယူဆရသည့်အရည်၊ အက်ကိုဟောဟုယူဆရသည့်အရည်၊ Bio Maxs ဟု ယူဆရသည့် အစိမ်းအရည်၊ Acetone ဟု ယူဆရသည့်အရည်၊ Acetonitrile ဟု ယူရသည့်အရည်၊ Concort Water၊ Methonal ဟုယူရသည့် အရည်၊ အမိုနီယံဖော့စဖိတ်၊ ဓာတ်ခွဲခန်းသုံးပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သိရသည် ။
ထို့အတွက်ကြောင့် စိုက်ခင်းဝန်ထမ်းများဖြစ်သည့် ဦးရှိုင်းလတ်နှင့် မရွှန်းလဲ့မြတ်နိုး တို့အပါအဝင် အမေရိကန်နိုင်ငံသား Mr. Alexander Skemp Todoroki နှင့် Mr. John Fresric Todoroki တို့အား မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၆(က)/၁၉(က)/၂၀(က)/၂၁ တို့ဖြင့် ကနဦး အမှုဖွင့်ခဲ့ပြီး တရားရုံးက ၁၆(က)(ခ)/၁၉(က)/၂၀(က)(ခ) တို့ဖြင့် အမှုကို လက်ခံစစ်ဆေးခဲ့သည်။ အမှုမှ Mr. Alexander Skemp Todoroki သည် ထွက်ပြေးနေကြောင်း သိရသည် ။
ယခုအခါ အမှုတွင် နိုင်ငံခြားသားများဖြစ်သည့် အမေရိကန်နိုင်ငံသား Mr. Alexander Skemp Todoroki နှင့် Mr. John Fresric Todoroki တို့မှာ ထွက်ပြေးသွားပြီး မြန်မာနိုင်ငံသားများဖြစ်သည့် ဦးရှိုင်းလတ်နှင့် မရွှန်းလဲ့မြတ်နိုး တို့မှာ အချုပ်ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်သည် ။
Unicode
Hemp စိုက်ပျိုးမှုနှင့်ပတ်သက်၍ အာမခံ ရထားသည့် အမေရိကန်နိုင်ငံသား ဆက်သွယ်မရဖြစ်နေ
ဇန်နဝါရီ ၃
နိုင်လင်းဦး

No comments:

Post a Comment

My Blog List