Friday, January 03, 2020

အီရန်ကို လေကြောင်းမှ တိုက်ခိုက်ပြီးနောက် စစ်သည်များလိုက်ပါလာသော အမေရိကန်ထောက်ပို့လေယာဉ် အရှေ့ကမ်းရိုးတန်းအခြေစိုက်စခန်းမှ ထွက်ခွာလာ

Image may contain: outdoor

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖို ညွှန်ကြားခဲ့ပြီးနောက် ကြာသပတေးနေ့ ည မှာ အရှေ့ကမ်းရိုးတန်းအခြေစိုက်စခန်းက အမေရိကန်လေတပ်လေယာဉ်တစ်ဦးဟာ အထူးတပ်ဖွဲ့ဝင်တွေနဲ့ စစ်သည်တွေတင်ဆောင်ပြီး ထွက်ခွာခဲ့တယ်လို့ အမေရိကန်စစ်တပ်အရာရှိတစ်ဦးက Newsweek ကိုပြောပါတယ်။

အမေရိကန်ထောင်ပို့လေယာဉ်ဟာ ဘယ်ကို ဦးတည်သွားမယ်ဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။
ဒေါ်နယ်ထရမ့်ဟာ အီရန်ထိပ်တန်းဗိုလ်ချုပ်တစ်ဦးသေဆုံးစေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ဖို့ ဖလော်ရီဒါ အပန်းဖြေစခန်းကနေ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ ကာကွယ်ရေးဝန်ကြီး မက်အက်စပါးတို့က အမေရိကန်အကျိုး စီးပွားကိုထိခိုက်စေတဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမယ်လို့ ကြာသပေးနေ့ အစောပိုင်း အချိန်က သတိပေးပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။
(Unicode)
အီရန်ကို လေကြောင်းမှ တိုက်ခိုက်ပြီးနောက် စစ်သည်များလိုက်ပါလာသော အမေရိကန်ထောက်ပို့လေယာဉ် အရှေ့ကမ်းရိုးတန်းအခြေစိုက်စခန်းမှ ထွက်ခွာလာ
………………………………………………………

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖို ညွှန်ကြားခဲ့ပြီးနောက် ကြာသပတေးနေ့ ည မှာ အရှေ့ကမ်းရိုးတန်းအခြေစိုက်စခန်းက အမေရိကန်လေတပ်လေယာဉ်တစ်ဦးဟာ အထူးတပ်ဖွဲ့ဝင်တွေနဲ့ စစ်သည်တွေတင်ဆောင်ပြီး ထွက်ခွာခဲ့တယ်လို့ အမေရိကန်စစ်တပ်အရာရှိတစ်ဦးက Newsweek ကိုပြောပါ တယ်။
အမေရိကန်ထောင်ပို့လေယာဉ်ဟာ ဘယ်ကို ဦးတည်သွားမယ်ဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။
ဒေါ်နယ်ထရမ့်ဟာ အီရန်ထိပ်တန်းဗိုလ်ချုပ်တစ်ဦးသေဆုံးစေခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ဖို့ ဖလော်ရီဒါ အပန်းဖြေစခန်းကနေ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုနဲ့ ကာကွယ်ရေးဝန်ကြီး မက်အက်စပါးတို့က အမေရိကန်အကျိုး စီးပွားကိုထိခိုက်စေတဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားမယ်လို့ ကြာသပေးနေ့ အစောပိုင်း အချိန်က သတိပေးပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။
#PeopleMedia #International

No comments:

Post a Comment

My Blog List