Friday, January 03, 2020

သတင်းစာမရှိသည့်တိုင်းပြည်သည် သုသာန်တစပြင်ကဲ့သို့ဖြစ်မည်ဟု သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် ပြော

Image may contain: 2 people, indoor

သတင်းစာများမရှိသည့်တိုင်းပြည်သည် သုသာန်တစပြင်ကဲသို့ တိတ်ဆိတ်ခြောက်သွေ့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က News Watch သို့ ပြောသည်။

“သတင်းစာတစောင်ပြုတ်သွားတယ်ဆိုတာ ဒီမိုကရေစီ လူ့ဘောင်မှာ အင်မတန်နစ်နာတယ်။ သတင်းစာမရှိရင် တိုင်းပြည်ဟာသုသာန်တစပြင်လိုပဲဖြစ်သွားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရှိတဲ့ လွှတ်တော်မှာလည်းပဲ အတိုက်အခံမရှိရင် သုသာန်တစပြင်ဖြစ်သွားနိုင်တယ်။ ခြောက်သွေ့သွားနိုင်တယ်''ဟု ဟံသာဝတီဦးအုန်း ကြိုင်က ပြောသည်။
ဒီမိုကရေစီနိုင်ငံတွေများတွင် အစိုးရတဖွဲ့ပြုတ်ချသွားလျှင် ချက်ချင်းအစားထိုး၍ရနိုင်သော်လည်း သတင်းစာတစောင် ပြုတ်သွားပြီးပါက ပြန်လည်အစားထိုးရန် ခက်ခဲကြောင်း၊ သတင်းစာများသည် တိုင်းပြည်၏မျက်လုံး၊ နား၊ ပါးစပ်နှင့် အင်အားများဖြစ်ပြီး သတင်းစာများ တဖြည်းဖြည်းပြုတ်သွားခြင်းသည် ပြည်သူအင်အား ဆုတ်ယုတ်မှုပင်ဖြစ်ကြောင်း၊ အွန်လိုင်းတွင် ပြည်သူများ အလွယ်တကူသတင်းများ ဖတ်ရှုနိုင်သော်လည်း အာမခံချက်အပြည့်အဝရှိသည်မှာ သတင်းစာများမှ ရေးသည့် သတင်းများသာဖြစ်သည့်အတွက် သတင်းစာများရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အရေးကြီးကြောင်း၊ ပုဂ္ဂလိကပုံနှိပ်မီဒီယာများ ရေရှည်ရပ်တည်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးအဖြေရှာပြီး အကြံဉာဏ်ရယူကာ လွှတ် တော်တွင်ဆွေးနွေးနိုင်သည့်အထိ မီဒီယာဖိုရမ်တခုဖြစ်ရန် ကြိုးစားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းအပြင် ယခုအချိန်တွင် အွန်လိုင်းမီဒီ ယာများအားကောင်းလာသော်လည်း ပုံနှိပ်သတင်းမီဒီယာများသည် လုံးဝပျောက်ကွယ်သွားမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
''ပုံနှိပ်မီဒီယာဆိုတာ ဘယ်တော့မှမပျောက်ပျက်ဘူး။ အလားတူပဲ လွတ်လပ်ရေးဖြစ်ရပ်တွေရေးခဲ့ကြတဲ့ သတင်းစာတွေဟာ သမိုင်းတွေပဲ။ မပျောက်၊ မပျက်ဘူး။ လူတွေကလည်းပဲ အွန်လိုင်းကနေဖတ်ရတာဟာ ခိုင်မာမှုလည်း မရှိဘူး။ ယုံကြည်မှုလည်း မရှိဘူး။ သို့သော် ဒါလည်းတွေက အလွယ်တကူဖတ်လို့ရတယ်။ အဲဒါကြောင့် ဖတ်နေကြတာ။ တင်ချင်သလိုတင်၊ ပြောချင်သလိုပြော အာမခံချက်မရှိတာထက် သတင်းစာတစောင်က ရေးတာကပိုခိုင်မာတယ်။ နောက်တခု ပုံနှိပ်မီဒီယာတခုဟာ သတင်းမီဒီယာဥပဒေအရ သတင်းသမားတွေဟာ သူရေးတဲ့သတင်းကို တိကျခိုင်မာအောင် ရေးရတယ်။ တကယ်လို့ မှားယွင်းသွားရင်လည်း နောက်နေ့မှာ မှားယွင်းကြောင်း ချက်ချင်းပြန်ရေးရတယ်။ သတင်းသမားတွေဟာ သတင်းရယူခွင့်တွေရှိသလို ပြန်ဖော်ပြတဲ့အခါမှာလည်း ဥပဒေစည်းကမ်းနဲ့အညီ ဖော်ပြရပါတယ်။ ဒါတွေဟာ အခိုင် အမာသတင်းသမားတွေက ပြန်တင်ပြရတာပါ”ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် ပုဂ္ဂလိက ပုံနှိပ်သတင်းစာအချို့ ထုတ်ဝေမှုရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
TCM ၊ Photo - ဝင်းဇော်နိုင်
News Watch
[ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးအုန်းကြိုင် (ဟံသာဝတီ) (ဝဲ) နှင့် ဒု ဥက္ကဌ (၂) ဦးထက်မြက် (ယာ) ]

သတင်းစာမရှိသည့်တိုင်းပြည်သည် သုသာန်တစပြင်ကဲ့သို့ဖြစ်မည်ဟု သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင် ပြော
------ ------ ------ ----- -----

သတင်းစာများမရှိသည့်တိုင်းပြည်သည် သုသာန်တစပြင်ကဲသို့ တိတ်ဆိတ်ခြောက်သွေ့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီဦးအုန်းကြိုင်က News Watch သို့ ပြောသည်။
“သတင်းစာတစောင်ပြုတ်သွားတယ်ဆိုတာ ဒီမိုကရေစီ လူ့ဘောင်မှာ အင်မတန်နစ်နာတယ်။ သတင်းစာမရှိရင် တိုင်းပြည်ဟာသုသာန်တစပြင်လိုပဲဖြစ်သွားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရှိတဲ့ လွှတ်တော်မှာလည်းပဲ အတိုက်အခံမရှိရင် သုသာန်တစပြင်ဖြစ်သွားနိုင်တယ်။ ခြောက်သွေ့သွားနိုင်တယ်''ဟု ဟံသာဝတီဦးအုန်း ကြိုင်က ပြောသည်။
ဒီမိုကရေစီနိုင်ငံတွေများတွင် အစိုးရတဖွဲ့ပြုတ်ချသွားလျှင် ချက်ချင်းအစားထိုး၍ရနိုင်သော်လည်း သတင်းစာတစောင် ပြုတ်သွားပြီးပါက ပြန်လည်အစားထိုးရန် ခက်ခဲကြောင်း၊ သတင်းစာများသည် တိုင်းပြည်၏မျက်လုံး၊ နား၊ ပါးစပ်နှင့် အင်အားများဖြစ်ပြီး သတင်းစာများ တဖြည်းဖြည်းပြုတ်သွားခြင်းသည် ပြည်သူအင်အား ဆုတ်ယုတ်မှုပင်ဖြစ်ကြောင်း၊ အွန်လိုင်းတွင် ပြည်သူများ အလွယ်တကူသတင်းများ ဖတ်ရှုနိုင်သော်လည်း အာမခံချက်အပြည့်အဝရှိသည်မှာ သတင်းစာများမှ ရေးသည့် သတင်းများသာဖြစ်သည့်အတွက် သတင်းစာများရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အရေးကြီးကြောင်း၊ ပုဂ္ဂလိကပုံနှိပ်မီဒီယာများ ရေရှည်ရပ်တည်ရန်အတွက် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးအဖြေရှာပြီး အကြံဉာဏ်ရယူကာ လွှတ် တော်တွင်ဆွေးနွေးနိုင်သည့်အထိ မီဒီယာဖိုရမ်တခုဖြစ်ရန် ကြိုးစားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းအပြင် ယခုအချိန်တွင် အွန်လိုင်းမီဒီ ယာများအားကောင်းလာသော်လည်း ပုံနှိပ်သတင်းမီဒီယာများသည် လုံးဝပျောက်ကွယ်သွားမည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
''ပုံနှိပ်မီဒီယာဆိုတာ ဘယ်တော့မှမပျောက်ပျက်ဘူး။ အလားတူပဲ လွတ်လပ်ရေးဖြစ်ရပ်တွေရေးခဲ့ကြတဲ့ သတင်းစာတွေဟာ သမိုင်းတွေပဲ။ မပျောက်၊ မပျက်ဘူး။ လူတွေကလည်းပဲ အွန်လိုင်းကနေဖတ်ရတာဟာ ခိုင်မာမှုလည်း မရှိဘူး။ ယုံကြည်မှုလည်း မရှိဘူး။ သို့သော် ဒါလည်းတွေက အလွယ်တကူဖတ်လို့ရတယ်။ အဲဒါကြောင့် ဖတ်နေကြတာ။ တင်ချင်သလိုတင်၊ ပြောချင်သလိုပြော အာမခံချက်မရှိတာထက် သတင်းစာတစောင်က ရေးတာကပိုခိုင်မာတယ်။ နောက်တခု ပုံနှိပ်မီဒီယာတခုဟာ သတင်းမီဒီယာဥပဒေအရ သတင်းသမားတွေဟာ သူရေးတဲ့သတင်းကို တိကျခိုင်မာအောင် ရေးရတယ်။ တကယ်လို့ မှားယွင်းသွားရင်လည်း နောက်နေ့မှာ မှားယွင်းကြောင်း ချက်ချင်းပြန်ရေးရတယ်။ သတင်းသမားတွေဟာ သတင်းရယူခွင့်တွေရှိသလို ပြန်ဖော်ပြတဲ့အခါမှာလည်း ဥပဒေစည်းကမ်းနဲ့အညီ ဖော်ပြရပါတယ်။ ဒါတွေဟာ အခိုင် အမာသတင်းသမားတွေက ပြန်တင်ပြရတာပါ”ဟု ၎င်းကဆိုသည်။
လက်ရှိအချိန်တွင် ပုဂ္ဂလိက ပုံနှိပ်သတင်းစာအချို့ ထုတ်ဝေမှုရပ်ဆိုင်းခဲ့ရကြောင်း သိရသည်။
TCM ၊ Photo - ဝင်းဇော်နိုင်
[ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးအုန်းကြိုင် (ဟံသာဝတီ) (၀ဲ) နှင့် ဒု ဥက္ကဌ (၂) ဦးထက်မြက် (ယာ) ]

No comments:

Post a Comment

My Blog List