Friday, January 03, 2020

အမေရိကန် တိုက်ခိုက်မှု အီရန် ဗိုလ်ချုပ်ကြီး ဆိုလေမာနီ သေဆုံး

Image may contain: 2 people, closeup
အီရတ်နိုင်ငံ ဘဂ္ဂဒက် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အခုလ ၂ ရက်နေ့တုန်းက အမေရိကန်က ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ အီရန် အစောင့်တပ် ဗိုလ်ချုပ်ကြီး ကာဆင် ဆိုလေမာနီ သေဆုံးသွားတယ်လို့ အမေရိကန်ဘက်က အတည်ပြုသလို အီရန်ဘက်ကလည်း အတည်ပြုလိုက်ပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဗိုလ်ချုပ်ကြီး ဆိုလေမာနီဟာ အီရတ်နဲ့ အရှေ့အလယ်ပိုင်း တစ်ခွင်မှာရှိတဲ့ အမေရိကန် သံတမန်တွေနဲ့ တပ်မတော်သားတွေကို တိုက်ခိုက်ဖို့ အစီအစဉ်တွေ ဆွဲထားတယ်လို့ ပါရှိပါတယ်။
အီရန်ဘက်က ထုတ်ပြန်ချက်မှာတော့ ဗိုလ်ချုပ်ကြီး ဆိုလေမာနီဟာ အမေရိကန်တွေရဲ့ ရဟတ်ယာဉ်ကနေ တိုက်ခိုက်မှုမှာ အာဇာနည် ပီသစွာကျဆုံးသွားတယ်လို့ ဖော်ပြပါရှိပါတယ်။
အီရတ်ကတော့ အမေရိကန်က ဒုံးကျည်သုံးစင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုမှာ အီရတ်ရဲ့ ဩဇာကြီးတဲ့ ဟာရှက်အယ်လ်ရှာဘီ ပြည်သူ့စစ်အဖွဲ့ ဒုတိယအကြီးအကဲ အဘူမာဒီ အယ်လ် မူဟန်ဒီလည်း သေဆုံးသွားတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
Source: Reuters

No comments:

Post a Comment

My Blog List