Thursday, January 02, 2020

ဌာနအကြီးအကဲတွေရဲ့ ခွင့်ပြုချက်နဲ့ ခရီးသွားကြဖို့ ပြည်နယ်အစိုးရ ညွှန်ကြား

Image may contain: sky, cloud, ocean, outdoor, water and nature
ရခိုင်ပြည်နယ်အတွင်း အစိုးရဝန်ထမ်းတွေအနေနဲ့ ကုန်းလမ်းနဲ့ ရေလမ်းခရီးတွေ သွားလာမယ်ဆိုရင် သက်ဆိုင်ရာ ဌာနအကြီးအကဲတွေရဲ့ ခွင့်ပြုချက်ပါမှ သွားရောက်ကြဖို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ညွန်ကြားထားတယ်လို့ ပြည်တွင်းရေကြောင်းဦးစီးဌာန ရခိုင် ပြည်နယ်တာဝန်ခံ ဦးအောင်လင်းက RFA ကို ပြောပါတယ်။

ဒီညွှန်ကြားချက်ကို ပြီးခဲ့တဲ့လကတည်းက ထုတ်ပြန်ထားတာဖြစ်ပြီး အစိုးရဝန်ထမ်းတွေ လက်မှတ် ဝယ်ရင်လည်း သက်ဆိုင်ရာဌာနခွင့်ပြုချက်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဆီ တင်ပြခွင့်ပြု ချက်တောင်းခံပြီးမှာသာ လက်မှတ် ရောင်းချပေးတာဖြစ်တယ်လို့ ဦးအောင်လင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အောင်တံခွန်ရေယာဉ်ပေါ် လိုက်ပါလာတဲ့ ကုန်လမ်းပို့ဆောင်ရေး (ကပရ) ယာဉ် မောင်းဝန်ထမ်း ၁၆ ဦးကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ စစ်ဘက်နဲ့ တိုက်ရိုက်သက်ဆိုင်သူတွေ မဟုတ်တာကြောင့် ပြန်လည်လွှတ်ပေးခဲ့သလို ခရီးသွားမယ်ဆိုရင် ရခိုင့်တပ်တော်ကို အသိပေးပြီးမှ သွားလာရမယ်လို့လည်း ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေကိုသွားတဲ့ လူဝင်မှု ကြီးကြပ်ရေးအရာရှိ သုံးဦးကို AA အဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လည် လွတ်မြောက်လာတာ မရှိသေးပါဘူး။
- Unicode
~~~~~~~~~~~~~~~

ဌာနအကြီးအကဲတွေရဲ့ ခွင့်ပြုချက်နဲ့ ခရီးသွားကြဖို့ ပြည်နယ်အစိုးရ ညွှန်ကြား
~~~~~
■ ရခိုင်ပြည်နယ်အတွင်း အစိုးရဝန်ထမ်းတွေအနေနဲ့ ကုန်းလမ်းနဲ့ ရေလမ်းခရီးတွေ သွားလာမယ်ဆိုရင် သက်ဆိုင်ရာ ဌာနအကြီးအကဲတွေရဲ့ ခွင့်ပြုချက်ပါမှ သွားရောက်ကြဖို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ညွန်ကြားထားတယ်လို့ ပြည်တွင်းရေကြောင်းဦးစီးဌာန ရခိုင် ပြည်နယ်တာဝန်ခံ ဦးအောင်လင်းက RFA ကို ပြောပါတယ်။

ဒီညွှန်ကြားချက်ကို ပြီးခဲ့တဲ့လကတည်းက ထုတ်ပြန်ထားတာဖြစ်ပြီး အစိုးရဝန်ထမ်းတွေ လက်မှတ် ဝယ်ရင်လည်း သက်ဆိုင်ရာဌာနခွင့်ပြုချက်နဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဆီ တင်ပြခွင့်ပြု ချက်တောင်းခံပြီးမှာသာ လက်မှတ် ရောင်းချပေးတာဖြစ်တယ်လို့ ဦးအောင်လင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက အောင်တံခွန်ရေယာဉ်ပေါ် လိုက်ပါလာတဲ့ ကုန်လမ်းပို့ဆောင်ရေး (ကပရ) ယာဉ် မောင်းဝန်ထမ်း ၁၆ ဦးကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ စစ်ဘက်နဲ့ တိုက်ရိုက်သက်ဆိုင်သူတွေ မဟုတ်တာကြောင့် ပြန်လည်လွှတ်ပေးခဲ့သလို ခရီးသွားမယ်ဆိုရင် ရခိုင့်တပ်တော်ကို အသိပေးပြီးမှ သွားလာရမယ်လို့လည်း ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေကိုသွားတဲ့ လူဝင်မှု ကြီးကြပ်ရေးအရာရှိ သုံးဦးကို AA အဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လည် လွတ်မြောက်လာတာ မရှိသေးပါဘူး။
- Zawgyi
~~~~~~~~~~~~~~~

စစ်တွေ-ဘူးသီးတောင် ပြေးဆွဲနေတဲ့ အောင်တံခွန်သင်္ဘောကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

No comments:

Post a Comment

My Blog List