Friday, January 03, 2020

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ တွေ့ဆုံပွဲသို့ မတက်ရောက်တဲ့ ဌာန(၃)ခုကို သက်ဆိုင်ရာဝန်ကြီးများအား တိုင်ကြားမည်

Image may contain: 1 person, standing

ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက “တိုင်းဒေသကြီး အဆင့်မှာပါတဲ့ဌာနဆိုင်ရာ ကိုးဦးလုံးကို ကျွန်တော်မေတ္တာရပ်ခံချင်ပါတယ်၊ ကျွန် တော်တို့ကော်မရှင်ရဲ့လုပ်ငန်းဟာ မြန်မာ နိုင်ငံအစိုးရရဲ့လုပ်ငန်းဖြစ်ပါတယ်၊ ကိုယ့် ဝန်ကြီးဌာနအလုပ်ကိုမှ အလုပ်လို့ထင် ရင်တော့ အဲဒီဝန်ကြီးနဲ့ ကျွန်တော်နဲ့ ပြော ပြီးတော့ မည်သည့်အတွက်ကြောင့် ပျက် ကွက်လဲဆိုတာတင်ခိုင်းရမယ်”လို့ ပြော ပါတယ်။

ဌာနဆိုင်ရာ ကိုးဦးကတော့ တိုင်း ဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး။ တိုင်းဒေ သကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန။ တိုင်းဒေသကြီးဦးစီးမှူးအ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးဌာန။ တိုင်းဒေသကြီး ဦးစီးမှူး စိုက်ပျိုးရေးဦးစီးဌာန။ တိုင်းဒေ သကြီးပညာရေးမှူး။ တိုင်းဒေသကြီးပြည် သူ့ကျန်းမာရေးဦးစီးဌာန တိုင်းဦးစီးမှူး။ တိုင်းဒေသကြီးဥပဒေအရာရှိ။ တိုင်းဒေသ ကြီးစာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး။ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတကလဲ ညွှန်ကြား ပြီးသား ကော်မရှင်လုပ်ငန်းနဲ့ပတ်သက် လို့ မည်သည့်ဝန်ကြီးဌာနကမဆို တာဝန် ပေးအပ်နိုင်တယ်လို့ ပါပြီးသား၊ တချို့ ဝန်ကြီးဌာနတွေက ကော်မရှင်က ငါတို့ မိခင်ဌာနမဟုတ်ဘူး၊ ငါတို့အလေးဂရုစိုက် စရာမဟုတ်ဘူး၊ လုပ်ချင်မှလုပ်မယ် လာ ချင်မှလာမယ်ဆိုတဲ့ပုံစံ”လို့ ဦးလှသိန်းက ပြောပါတယ်။
ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့တွေ့ဆုံပွဲမှာ မတက်ရောက်တဲ့ ဌာနဆိုင်ရာ သုံးဖွဲ့ကို သက်ဆိုင်ရာဝန်ကြီးကို မန္တလေးတိုင်း ဒေ သကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက တိုင်ကြားမယ်လို့ ကော်မရှင်ဥက္ကဋ္ဌက ပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌနဲ့ မန ္တလေး တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ခရိုင်၊ မြို့ နယ်ရွေးကောက်ပွဲကော်မရှင်တွေ တွေ့ ဆုံပွဲကို ဒီဇင်ဘာလ ၂၈ ရက်နေ့က မြို့ တော်ခန်းမမှာ ပြုလုပ်ပါတယ်။
ဌာနဆိုင်ရာ ကိုးဦးထဲက တိုင်းပညာ ရေးဦးစီးမှူးကိုယ်စားတက်ရောက်တာ၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည် သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ကိုယ်စားတက်ရောက်တာနဲ့ တိုင်းဒေသ ကြီးစာရင်းစစ်ချုပ်ရုံးညွှန်ကြားရေးမှူးတို့ ပျက်ကွက်တာတွေ ရှိခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှာ အများယုံကြည် လေးစားခြင်းခံရတဲ့ပုဂ္ဂိုလ် ခြောက်ဦး၊ အစိုးရဌာနဆိုင်ရာမှ ကိုးဦးနဲ့ တိုင်းဒေ သကြီးရွေးကောက်ပွဲအရာရှိ တစ်ဦးတို့နဲ့ ဖွဲ့စည်းထားပါတယ်။
REF: KUMUDRA

No comments:

Post a Comment

My Blog List