Tuesday, December 24, 2019

ဆီးရီးယားတပ်ဖွဲ့က နိုင်ငံအနောက်မြောက်ပိုင်းရှိ စစ်သွေးကြွများကို မြေပြင်ထိုးစစ်ဆင်


ရုရှားကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားတပ်ဖွဲ့တွေကဆီးရီးယားအနောက်မြောက်ပိုင်းကသူပုန်တွေရဲ့ နောက်ဆုံးနယ်မြေကိုမြေပြင်ထိုးစစ်ဆင်မှုတွေပြန်လည်ပြုလုပ်ခဲ့ပါတယ်။ သူပုန်တွေကိုဆီးရီးယားတပ်ဖွဲ့တွေကအပြင်းအထန်တိုက်ခိုက်နေတာ (၃)လကျော်ရှိသွားပြီဖြစ်ပြီး၊တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေလည်းထွက်ပြေးနေရပါတယ်။
အစ်ဒ်လစ်ဘ်ပြည်နယ်က (Sayyadi)မြို့အနီးမှာဆီးရီးယားစစ်တပ်ကမြေပြင်ကနေလက်နက်ကြီးတွေနဲ့ အခုလ(၂၃) ရက်ကပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ဆီးရီးယားအစိုးရကအစ်ဒ်လစ်ဘ်ပြည်နယ်အရှေ့တောင်ပိုင်းကအရပ်သားတွေနေထိုင်တဲ့ကျေးလက်ဒေသတွေကို ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပြင်းထန်တဲ့ထိုးစစ်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲဒီနေရာဟာ ဆီးရီးယားစစ်တပ်ကိုသူပုန်တွေဘက်ကအကောင်းဆုံးတားဆီးနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။
ရုရှားနဲ့ဆီးရီးယားဂျက်တိုက်လေယာဉ်တွေကလည်းသူပုန်တွေထိန်းချုပ်ထားတဲ့(Maarat al Numan)မြို့ဝန်းကျင်ကမြို့တွေနဲ့ရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် အဲဒီဒေသကအရပ်သားတွေဟာလုံခြုံစိတ်ချရတဲ့ တူရကီနယ်စပ်ကိုထွက်ပြေးခဲ့ကြပါတယ်။
ဆီးရီးယားသမ္မတဘာရှားအယ်လ်အာဆတ်ကအစ်ဒ်လစ်ဘ်ဒေသကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ ဆုံးဖြတ်ထားပြီး၊ အစ်ဒ်လစ်ဘ်ပြည်နယ်ဟာ (၈နှစ်ခွဲ)ကြာဆီးရီးယားပြည်တွင်းစစ်ပြီးနောက် သူပုန်တွေထိန်းချုပ်ထားဆဲဖြစ်တဲ့ အရေးပါတဲ့နေရာတစ်ခုလို့သိရပါတယ်။
ဆီးရီးယားသူပုန်တွေကိုတူရကီကကျောထောက်နောက်ခံပေးထားပြီး၊ဆီးရီးယားသမ္မတအာဆတ်ကိုတော့ ရုရှားနဲ့ အီရန်တို့ကကျောထောက်နောက်ခံပေးထားပါတယ်။ရုရှား၊တူရကီနဲ့အီရန်တို့ကတိုက်ပွဲတွေကိုနိုင်ငံရေးအရဖြေရှင်းဖို့ လုပ်ဆောင်နေတယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။
Translated by Chit Chan Myae

No comments:

Post a Comment

My Blog List