Tuesday, December 24, 2019

တိုင်းပြည်အတွက် လိုအပ်၍အကြံဉာဏ်တောင်းပါက အကြံဉာဏ်ပေးမည်ဟု ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်ပြော

Image may contain: 2 people
မိမိအနေဖြင့် နိုင်ငံရေးနယ်ပယ်သို့ဝင်ရောက်လုပ်ကိုင်မည်မဟုတ်ဘဲ တိုင်းပြည်အကျိုးအတွက် လိုအပ်၍ အကြံဉာဏ်တောင်းခံပါက အကြံဉာဏ်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်ကပြောဆိုလိုက်ကြောင်း သိရသည်။

ဒီဇင်ဘာလ၂၁ ရက်နေ့ ညပိုင်းက ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်၏ နေအိမ်၌ပြုလုပ်သော ထောက်လှမ်းရေးတပ်ဖွဲ့ဝင်ဟောင်းများ၏ ညစာစားပွဲ၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်ခဲ့သည့် ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦးကပြောသည်။
"ငါနိုင်ငံံရေးမလုပ်ဘူး တိုင်းပြည်အကျိုးအတွက် လိုအပ်လို့ အကြံဉာဏ်တောင်းရင် အကြံဉာဏ်ပေးရမယ်"လို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်က ၎င်းတပ်မတော်တွင်တာဝန်ယူစဉ်ကာလက မိမိသဘောထက် တပ်မတော်က တာဝန်ပေးမှုအရသာ ဆောင်ရွက်ခဲ့ကြောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်း၊ဗိုလ်ချုပ်ကြီးသူရကျော်ထင်၊ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချပ်သန်းတင်တို့မှာ ၎င်း၏ဆရာများဖြစ်ကြောင်း၊ ၎င်းတို့မှာလည်းတိုင်းပြည်ကို တကယ်ချစ်သလို တိုင်းပြည်ကောင်းကျိုး လိုလားသူတွေဖြစ်ကြောင်း၊ မိမိဆောင်ရွက်ခဲ့သမျှသည် ဆရာတွေ၏ လိုလားချက် တိုင်းပြည်အပေါ်ထားသော စေတနာအရ ခိုင်းစေချက်များကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တပ်မတော်အစိုးရ၏ မူဝါဒအတိုင်းသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်က ၎င်းအနေဖြင့်နိုင်ငံရေးမလုပ်တော့သလို တပည့်များကိုလည်း နိုင်ငံရေးမလုပ်ကြရန်ပြောဆိုခဲ့သည်ဟုဆိုသည်။
ထူးမြတ်

No comments:

Post a Comment

My Blog List