Thursday, January 02, 2020

ဦးသိန်းစိန်အစိုးရလက်ထက် တင်ဒါမခေါ်ဘဲ တည်ဆောက်ခွင့်ပေးခဲ့သည့် သိန်း ၄၀၀၀ တန် တောင်ကုတ်ဂရုဏာဆည် အနံ့အသက် ဆိုးဝါးနေ

Image may contain: sky, outdoor and nature
သမ္မတဦးသိန်းစိန်အစိုးရလက်ထက် တင်ဒါခေါ်ယူခြင်းမရှိဘဲ လက်သင့်ရာ ပေး၍ တည်ဆောက်စေခဲ့သော ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ ဂရုဏာ ဆည်သည် ယခုအခါ အနံ့အသက် အလွန်ဆိုးဝါးနေပြီး ပြည်သူများမှာ ယင်းအနံ့အသက်ဆိုးဝါးသော ရေများကို အသုံးပြုနေရကြောင်း သိရှိရသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် တောင်ကုတ်မြို့ရှိ ဂရုဏာဆည်(ယခင်သရက်ဆည်တောင်) တွင် ရေလှောင်တမံလုပ်ငန်း၊ ရေထုတ်ပြွန်လုပ်ငန်း၊ ရေပိုလွှဲလုပ်ငန်းနှင့် ရေပေးဝေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို ငွေကျပ် ၃၉၁ ဒသမ ၅၇၉ သန်းဖြင့် နေလသစ္စာဆောက်လုပ်ရေးအင်အားစုကုမ္ပဏီက တည်ဆောက်ခွင့်ရရှိခဲ့ကြောင်း၊ အဆိုပါကုမ္ပဏီကို တည်ဆောက်ခွင့်ပေးရာတွင် တင်ဒါ ခေါ်ခြင်းမရှိဘဲ ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း တောင်ကုတ်မြို့နယ်မှ ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ ရခိုင်ပြည်နယ်အစိုးရ စည်ပင်ဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးမင်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"အရင်အစိုးရလက်ထက်တုန်းက QC အရည်အသွေး စစ်တာတွေလည်း မရှိခဲ့ဘူး။ တင်ဒါခေါ်တာမျိုးလည်းမရှိခဲ့ဘူး။ အဓိက ဆည်ကြမ်းပြင်မှာ အပင်တွေကို ကုန်စင်အောင် မရှင်းခဲ့တော့ ရေမြုပ်သွားတဲ့အခါ ပုတ်တာပေါ့။ အဲဒါကို ဒီနှစ်တော့ ပြန်ပြီး လုပ်ဖို့ ပြင်ထားတယ်။ ပစ္စည်းတွေကတော့ အစုံအလင်ဖြစ်နေပါပြီ" ဟု ဦးမင်းအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဂရုဏာဆည် တည်ဆောက်ရန် မြေပြင်ရှင်းလင်းခြင်း၊ တမံအောက်ခြေဝန်းကျင်နှင့်ရေလှောင် ဧရိယာတောရှင်းလင်းခြင်းလုပ်ငန်းများအတွက် ၁ ဒသမ ၆၃ သန်း အသုံးပြုခဲ့ကြောင်း၊ ဆည်နှင့်အတူ ဂရုဏာ ပန်းခြံ တည်ဆောက်ထားပြီး ဥယျာဉ်မှူးလုပ်အားခ ငွေကျပ် ၁၀ ဒသမ ၀ သန်း၊ ရန်ကုန်မြို့မှ တောင်ကုတ်မြို့သို့ ပျိုးပင်များ သယ်ယူစရိတ် ငွေကျပ် ၁ သန်း၊ ပန်းခြံတည်ဆောက်ရန် မြေဧက ၉ ဒသမ ၉၈ ဝယ်ယူခြင်းအတွက် ငွေကျပ် ၂၉ ဒသမ ၉၄ သန်း နေလသစ္စာဆောက်လုပ်ရေးအင်အားစုက ဘဏ္ဍာငွေ တောင်းခံခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဂရုဏာဆည် စတင်တည်ဆောက်စဉ်က မြင်ကွင်း။ Photo Credit - TG News

No comments:

Post a Comment

My Blog List