Tuesday, December 24, 2019

အောင်ရဲထွေးအမှုမှ စွပ်စွဲခံရသူ သုံးဦး အာမခံရ

Image may contain: 3 people, people standing
ဟာသသရုပ်ဆောင် ရဲထွေးအောင်(ခ) အောင်ရဲထွေး သေဆုံးမှုမှ စွပ်စွဲခံရသူ သုံးဦးကို ယနေ့ (ဒီဇင်ဘာ ၂၄ ရက်)တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အာမခံပေးခဲ့ကြောင်း အဆိုပါ တရားရုံးမှသိရသည်။

အမှုမှ စွပ်စွဲခံရသူ သားကြီး(ခ) သန်းထွဋ်အောင်၊ ပြည့်ဖြိုးအောင်(ခ)အောင်လေးနှင့် ကျော်ဇောဟန် (ခ) ကျော်ဇော တို့ကို တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ တန် ခံဝန်ဖြင့် အာမခံပေးခဲ့ခြင်းဖြစ်သည်။
၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က သုဝဏ္ဏရှိ The One Entertainment Park ၌ ပြုလုပ်သည့် နှစ်သစ်ကူးဖျော်ဖြေပွဲတွင် လူတစ်စုမှ ဝိုင်းဝန်ထိုးကြိတ်ခံခဲ့ရသည့် သရုပ်ဆောင် အောင်ရဲထွေးသည် ဒဏ်ရာများရရှိကာ ဆေးဝါးကုသမှုခံယူရင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
ထိုသို့ အောင်ရဲထွေး သေဆုံးမှုနှင့်ပတ်သက်၍ သားကြီး(ခ) သန်းထွဋ်အောင်၊ ပြည့်ဖြိုးအောင်(ခ)အောင်လေးနှင့် ကျော်ဇောဟန် (ခ) ကျော်ဇောတို့သုံးဦးကို ဖမ်းဆီးခဲ့ပြီး သန်းထွဋ်အောင်(ခ)သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ)အောင်လေးကို ပုဒ်မ ၃၀၂(၂)၊ ကျော်ဇောဟန် (ခ) ကျော်ဇော ကို ၃၀၂(၂)/၁၁၄ နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ယခုနှစ် ဇန်နဝါရီလတွင် စွဲချက်တင်ခဲ့သည်။
အဆိုပါစွဲချက်နှင့်ပတ်သက်၍ စွပ်စွဲခံရသူဘက်က ရန်ကုန်တိုင်း တရားလွှတ်တော်ထံ ပြင်ဆင်ချက်တင်သွင်းရာမှာ သန်းထွဋ်အောင်(ခ)သားကြီးနှင့် ပြည့်ဖြိုးအောင်(ခ)အောင်လေးတို့နှစ်ဦးကို အပြင်းအထန်နာကျင်စေမှု၊ ပုဒ်မ-၃၂၅၊ ကျော်ဇောဟန် (ခ) ကျော်ဇောကို ပုဒ်မ ၃၂၅/၁၁၄ နှင့် ဒီဇင်ဘာ ၁၃ ရက်တွင် ပြောင်းလဲစွဲချက်တင်ခဲ့ခြင်းဖြစ်သည်။
အမှုတွင် စွပ်စွဲခံရသူ သုံးဦးကို သက်သေမခိုင်လုံဟုဆိုကာ ကနဦး အမှုရုပ်သိမ်းမှုဖြစ်ပေါ်ခဲ့ဖူးပြီး ထိုသို့ရုပ်သိမ်းမှုကြောင့်ပင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးအပါအဝင် ခြောက်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် တရားစွဲဆိုထားသည်။
သတင်း - မင်းဟိန်း/စံတော်ချိန်
ဓာတ္ပုံ - Yangon Police
...........................................................................
(Unicode Version)
#LatestNews

ဓာတ်ပုံ - Yangon Police

No comments:

Post a Comment

My Blog List