Sunday, December 29, 2019

AA ပစ်ခတ်သော လက်နက်ကြီးဗုံးသီးပေါက်ကွဲမှုကြောင့် အရပ်သား၆ ဦး ထိခိုက်ဒဏ်ရာရရှိဟု တပ်သတင်းထုတ်ပြန်

Image may contain: 1 person, sitting and outdoorImage may contain: shoes and outdoor
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ယောချောင်းကျေးရွာ၏ အနောက်တောင်ဘက်တွင် ရခိုင်တပ်မတော် AA ပစ်ခတ်လိုက်သော လက်နက်ကြီးဗုံးသီးကြောင့် အရပ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့က AA က ပစ်ခတ်လိုက်သော လက်နက်ကြီးဗုံးသီးသည် ကျွဲကူးဆိပ်ကျေးရွာအတွင်းရှိ နေအိမ် ၁ လုံးပေါ်သို့ ကျရောက် ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်သည့် ဒေါ်မလှစိန်(ဘ)ဦးမောင်ရွှေလှ အပါအဝင် အရပ်သား ၆ ဦး ပြင်းထန်စွာ ဒဏ်ရာများရရှိခဲ့ကြောင်း၊ တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
Photo Credit - Cincds

No comments:

Post a Comment

My Blog List