Tuesday, December 24, 2019

တိုက်ပွဲဖြစ်ပွားနေ၍ ပြန်ဆပ်ရမည့်စိုက်ပျိုးစရိတ်ချေးငွေအား အချိန်ကာလတစ်ခုအထိ ဆိုင်းငံ့ပေးရေးအဆို ရခိုင်ပြည်နယ်လွှတ်တော်တွင်တင်သွင်း

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားကြောင့် လယ်ယာစိုက်ပျိုးရေးချေးငွေပြန်မဆပ်နိုင်သည့် တောင်သူများရှိနေရာ ထိုသူများအတွက် အစိုးရက ချေးငွေပြန်ဆပ်ရမည့်ကာလအား အချိန် အတိုင်းအတာတစ်ခုအထိနောက်ဆုတ်ပေးရေးအဆိုတစ်ခုကို ရခိုင်အမတ်တစ်ဦးက ယနေ့ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့သည်ဟု သိရသည်။

မင်းပြားမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က တင်သွင်းခဲ့ငြခ်းဖြစ်ပြီး အဆိုကို လွှတ်တော်က ဆွေးနွေးရန် သဘောတူလက်ခံပေးခဲ့သည်။
တင်သွင်းသည့်အဆိုအပြည့်အစုံမှာ “ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ဒေသများ၌ စိုက်ပျိုးရေးစရိတ် ချေးငွေများ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ပြန်လည် ပေးဆပ်ရန် မဖြစ်နိုင်သဖြင့် အချိန် ကာလတစ်ခုအထိ ဆိုင်းငံ့ပေးပါရန် ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆို” ဖြစ်သည်။
အဆိုတင်စဉ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ၎င်းအဆိုတင်ရသည့်အကြောင်းကို ရှင်းပြပြီး ချေးငွေပြန်ဆပ်ရမည့်အချိန်ကို နောက်ဆုတ်ပေးသင့်ကြောင်းပြောသည်။
ယင်းအဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီး(ပေါက်တော-၂)က ထောက်ခံခဲ့သည်။
ကျင်းပခဲ့ပြီးဖြစ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင်လည်း ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၃)မှအမျိုသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က မေးခွန်းတစ်ခုမေးစဉ် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် အချို့သောနေရာများတွင် လယ်များမရိတ်သိမ်းနိုင်ဖြစ်နေသည်ဟု ထည့်သွင်းပြောဆိုသွားခဲ့သည်။
Myanmar Harp

No comments:

Post a Comment

My Blog List