Tuesday, December 24, 2019

အသက်မပြည့်၍ စစ်မှုထမ်းခြင်းမှ နှုတ်ထွက်ခွင့်ရရှိခဲ့သည့် ကလေးသူငယ်တစ်ဦးလျှင် ၁၀သိန်းကျပ် လူကယ်ပြန်ဝန်ကြီးဌာနထောက်ပံ့မည်

Image may contain: text

တပ်မတော်နှင့်လက်နက်ကိုင်အဖွဲ့အစည်းများမှ အသက်မပြည့်၍ နှုတ်ထွက်ခွင့်ရခဲ့သည့် ကလေးသူငယ်များကို ထောက် ပံ့ကြေး ယခင်ကထက်၂ဆတိုးပြီးပိုပေးရန် လူကယ်ပြန်ဝန်ကြီးဌာနက လျာထားသတ်မှတ်ထားကြောင်းသိရသည်။

ယခုနှစ်မှစကာ တိုးမြှင့်ထောက်ပံ့ပေးမည်ဖြစ်ပြီး ထို့အတွက် ငွေကျပ်သန်း၁၀၀လျာထားထားသည်ဟု ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် လူကယ်ပြန်ဝန်ကြီးဌာန အသုံးစရိတ်များမှတဆင့်သိရသည်။
ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ယခင်ငွေကျပ်၅သိန်းအစား ယခု ငွေကျပ်၁၀သိန်းထောက်ပံ့ပေးမည်ဆိုသည်က မှန်ကန်ကြောင်းနှင့် ထောက်ပံ့မှုလုပ်ငန်းစဉ် ပိုမိုထိရောက်စေရေးအတွက်ဖြစ်သည်ဟု ပြောပြသည်။
“ငွေ ၁၀သိန်းဆိုတော့ ပိုထိရောက်တာပေါ့ဗျာ။သင်တန်းတက်မလား၊အသက်မွေးဝမ်းကျောင်းအတွက် တစ်ခုခုလုပ်မလား။အဆင်ပြေပါတယ်“ဟု ၎င်းကပြောသည်။
ငွေကျပ်၁၀သိန်းကို တစ်လုံးတစ်ခဲတည်းထောက်ပံ့လိုက်မည်မဟုတ်ဘဲ ဘဏ်စာရင်းတစ်ခုဖွင့်ပေးထားပြီး စနစ်တကျအကျိုးရှိစွာဆောင်ရွက်သည်ဟုလည်း ၎င်းက ရှင်းပြသည်။
နိုင်ငံတွင် အသက်၁၈နှစ်မပြည့်သေးသူများကို စစ်မှုထမ်းခြင်းမှ တားမြစ်ထားပြီး၊အသက်မပြည့်သေးဘဲ စစ်မှုထမ်းခြင်းအား စီစစ်တွေ့ရှိပါက လက်ခံသူကို အရေးယူခြင်းနှင့် နှုတ်ထွက်ခွင့်ပေးခြင်းများ ရှိသည်ဟုသိရသည်။
၂၀၁၈ ခုနှစ်အတွင်းက ၇၅ ဦး ၊၂၀၁၉ ခုနှစ် မတ်လ ၃၁ရက်အထိ ၃၁ဦး ၊စုစုပေါင်း ၁၀၇ ဦးကို အခမ်းအနားနှင့် မိဘထံပြန်လည် လွဲပြောင်းပေးအပ်ခဲ့ကာ တပ်မတော်မှ ထုတ်ပယ်ခဲ့ပြီးဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန် ဗိုလ်မှူးချုပ်အောင်ကျော်ဟိုးက နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာတွင် ပြုလုပ်သည့် ပြည်သူ့အတွက် တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ ပြောဆိုထားသည်။
ထို့အပြင်အရွယ်မရောက်သေးသူများ စစ်မှုထမ်းခြင်းမှ ကြပ်ကြပ်မတ်မတ်စိစစ်နိုင်ရန်အတွက်လည်း အရိုးဓါတ်မှန်ဖြင့် အသက်အရွယ်ပိုင်းခြားခြင်းစနစ်ဖြင့်ဆောင်ရွက်ခဲ့ရာ ယခု အစိုးရ တတိယသက်တမ်း တစ်နှစ်အတွင်းဝင်ရောက်လာသည့် တပ်သားလောင်း ၁၆၃၆ ဦး မှာ အသက်မပြည့်သေးဟု စစ်ဆေးနိုင်ခဲ့သည့်အတွက် တပ်သို့ဝင်ရောက်ခွင့်မပြုခဲ့ကြောင်းနှင့်တပ်မတော်အတွင်းကလေးစစ်သားပပျောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြောင်း ၎င်းကပြောဆိုထားဖူးသည်။
မောင်မောင်/ Myanmar Harp

No comments:

Post a Comment

My Blog List