Sunday, December 29, 2019

သူရဦးရွှေမန်းအနေဖြင့် အောက်ခြေ ပါတီတာဝန်ခံများကို ထိန်းသိမ်းကြပ်မတ်စေလိုကြောင်း လယ်သမားအရေး လှုပ်ရှားသူ ပြော

Image may contain: 4 people, people standingImage may contain: 1 person
ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UPB ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း အနေဖြင့် အောက်ခြေ ပါတီတာဝန်ခံများအား စည်းကမ်း ထိန်းသိမ်းကြပ်မတ်စေလိုကြောင်း တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ကိုသန့်စင်ထက်က ပြောသည်။

"ကျွန်တော်တို့ တောင်သူတွေဟာ ပါတီတွေကတရားစွဲလိုက်၊ စစ်တပ်ကတရားစွဲလိုက်၊ အစိုးရကတရားစွဲလိုက်နဲ့ တောင်သူတွေဟာ အလုပ်လုပ်ရမယ့် အချိန်မရှိတော့ဘူး။ အခုလည်း ဦးရွှေမန်းပါတီက ခရိုင်တာဝန်ခံဆိုသူနဲ့ သိန်းရွှေကုမ္ပဏီတို့ ပူးပေါင်းပြီး လယ်သမားတွေကို ဒုက္ခ ပေးနေကြတယ်။ ဒါကြောင့် သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌ တစ်ဦးအနေနဲ့ ကိုယ့်ပါတီက အောက်ခြေ တာဝန်ခံတွေကို ပါတီစည်းကမ်းနဲ့အညီ ထိန်းသိမ်းကြပ်မတ်ပေးဖို့လိုအပ်တယ်။ ဒါတွေဟာ သူ့ပါတီအတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးဆိုတာတော့ သတိပေးချင်တယ်" ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ ၂၇ရက်က Myanmar Press Freedom ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးည်ုမြို့နယ် အတွင်းရှိ လဖျော်ကျေးရွာ တောင်သူလယ်သမားများ၏ လယ်ယာမြေများနှင့် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေး သတင်းစာ ရှင်းလင်းပွဲတွင် ကိုသန့်စင်ထက်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းးဖြစ်သည်။
"ကျွန်တော်တို့ကတော့ ကျွန်တော်တို့ မူလလယ်ယာမြေတွေပဲ ပြန်ရချင်ပါတယ်။ မတရားသိမ်းဆည်းမှုတွေနဲ့ လယ်သမားဘဝတွေကို ဒုက္ခ ပေးနေကြတယ်ဗျာ၊ ကိုယ်ချင်းစာကြပါ" ဟု ဒေသခံ လယ်သမားတစ်ဦးဖြစ်သူ ဦးသောင်းရွှေက ပြောသည်။
သာယာဝတီခရိုင် မိုးညိုမြို့နယ်အတွင်း လဖျော်ကျေးရွာ အတွင်းရှိ လယ်မြေဧက ၅၀၀ ကျော်ကို ၁၉၉၄ / ၉၅ ခုနှစ် အတွင်းတွင် သာယာဝတီခရိုင် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ တာဝန်ခံနှင့် သိန်းရွှေကုမ္ပဏီတို့ ပူးပေါင်းကာ အမည်မဖော်ပြနိုင်သော စီမံကိန်းအကြောင်းပြ၍ သိမ်းဆည်းခဲ့ကြောင်း လယ်သမားများက ပြောသည်။
"သူရဦးရွှေမန်းပါတီက တာဝန်ခံတစ်ယောက်က ဒီလိုအပြုအမူ လုပ်တာဆိုတော့ ဦးရွှေမန်းပါတီအနေနဲ့ သူ့ကို ထိရောက်တဲ့ အရေးယူမှု လုပ်စေချင်ပါတယ်။ သူ့ပါတီပုံရိပ် မကောင်းသလို သူ့ ပါတီရွေးကောက်ပွဲ အောင်နိုင်ရေး အတွက်လည်း ထိခိုက်မှုတွေ ရှိလာမယ်ဆိုတာ သတိချပ်စေလိုပါတယ်" ဟု ကိုသန့်စင်ထက်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ သာယာဝတီခရိုင်တာဝန်ခံ ကိုထွေး (ခ) ကိုလှိုင်ဝင်းကျော်ထံ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပိတ်ချသဖြင့် ဆက်သွယ်မှု မရခဲ့ပေ။
ကိုဖူးသစ်

<Zawgyi>
သူရဦးရွှေမန်းအနေဖြင့် အောက်ခြေ ပါတီတာဝန်ခံများကို ထိန်းသိမ်းကြပ်မတ်စေလိုကြောင်း လယ်သမားအရေး လှုပ်ရှားသူ ပြော

ဒီဇင်ဘာလ ၂၈ ရက်
ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ UPB ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း အနေဖြင့် အောက်ခြေ ပါတီတာဝန်ခံများအား စည်းကမ်း ထိန်းသိမ်းကြပ်မတ်စေလိုကြောင်း တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူ ကိုသန့်စင်ထက်က ပြောသည်။
"ကျွန်တော်တို့ တောင်သူတွေဟာ ပါတီတွေကတရားစွဲလိုက်၊ စစ်တပ်ကတရားစွဲလိုက်၊ အစိုးရကတရားစွဲလိုက်နဲ့ တောင်သူတွေဟာ အလုပ်လုပ်ရမယ့် အချိန်မရှိတော့ဘူး။ အခုလည်း ဦးရွှေမန်းပါတီက ခရိုင်တာဝန်ခံဆိုသူနဲ့ သိန်းရွှေကုမ္ပဏီတို့ ပူးပေါင်းပြီး လယ်သမားတွေကို ဒုက္ခ ပေးနေကြတယ်။ ဒါကြောင့် သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌ တစ်ဦးအနေနဲ့ ကိုယ့်ပါတီက အောက်ခြေ တာဝန်ခံတွေကို ပါတီစည်းကမ်းနဲ့အညီ ထိန်းသိမ်းကြပ်မတ်ပေးဖို့လိုအပ်တယ်။ ဒါတွေဟာ သူ့ပါတီအတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးဆိုတာတော့ သတိပေးချင်တယ်" ဟု ၎င်းက ပြောသည်။
ဒီဇင်ဘာ ၂၇ရက်က Myanmar Press Freedom ရုံးခန်းတွင် ပြုလုပ်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးည်ုမြို့နယ် အတွင်းရှိ လဖျော်ကျေးရွာ တောင်သူလယ်သမားများ၏ လယ်ယာမြေများနှင့် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေး သတင်းစာ ရှင်းလင်းပွဲတွင် ကိုသန့်စင်ထက်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းးဖြစ်သည်။
"ကျွန်တော်တို့ကတော့ ကျွန်တော်တို့ မူလလယ်ယာမြေတွေပဲ ပြန်ရချင်ပါတယ်။ မတရားသိမ်းဆည်းမှုတွေနဲ့ လယ်သမားဘဝတွေကို ဒုက္ခ ပေးနေကြတယ်ဗျာ၊ ကိုယ်ချင်းစာကြပါ" ဟု ဒေသခံ လယ်သမားတစ်ဦးဖြစ်သူ ဦးသောင်းရွှေက ပြောသည်။

သာယာဝတီခရိုင် မိုးညိုမြို့နယ်အတွင်း လဖျော်ကျေးရွာ အတွင်းရှိ လယ်မြေဧက ၅၀၀ ကျော်ကို ၁၉၉၄ / ၉၅ ခုနှစ် အတွင်းတွင် သာယာဝတီခရိုင် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ တာဝန်ခံနှင့် သိန်းရွှေကုမ္ပဏီတို့ ပူးပေါင်းကာ အမည်မဖော်ပြနိုင်သော စီမံကိန်းအကြောင်းပြ၍ သိမ်းဆည်းခဲ့ကြောင်း လယ်သမားများက ပြောသည်။
"သူရဦးရွှေမန်းပါတီက တာဝန်ခံတစ်ယောက်က ဒီလိုအပြုအမူ လုပ်တာဆိုတော့ ဦးရွှေမန်းပါတီအနေနဲ့ သူ့ကို ထိရောက်တဲ့ အရေးယူမှု လုပ်စေချင်ပါတယ်။ သူ့ပါတီပုံရိပ် မကောင်းသလို သူ့ ပါတီရွေးကောက်ပွဲ အောင်နိုင်ရေး အတွက်လည်း ထိခိုက်မှုတွေ ရှိလာမယ်ဆိုတာ သတိချပ်စေလိုပါတယ်" ဟု ကိုသန့်စင်ထက်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ သာယာဝတီခရိုင်တာဝန်ခံ ကိုထွေး (ခ) ကိုလှိုင်ဝင်းကျော်ထံ အကြိမ်ကြိမ ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပိတ်ချသဖြင့် ဆက်သွယ်မှု မရခဲ့ပေ။
ကိုဖူးသစ်

No comments:

Post a Comment

My Blog List