Friday, January 03, 2020

ကျပ်သိန်း ၃၉၀ ဖြင့်အရောင်းထွက်သွားတဲ့ ရှယ်လှတဲ့ ဗမာကြက်မျိုးစပ် တိုက်ကြက်တစ်ကောင်

Image may contain: 2 people, people sitting
ယခုတိုက်ကြက်ကို ဆက်လက်၍ ပွဲသွင်းဦးမည်ဖြစ်သော်လည်း ဝယ်ယူရခြင်း၏ အဓိကရည်ရွယ်ချက်မှာ သားဖောက်ရန်ဖြစ်ကြောင်း၊ ၎င်းထံတွင် ဘတ်လေးသန်းတန် မြန်မာတိုက်ကြက်မျိုးစပ် တကောင်လည်းရှိ၍ ၎င်းတိုက်ကြက်မှပေါက်ဖွားသည့်ကြက်မများနှင့်သားဖောက်မည်ဖြစ်ကြောင်း စဝ်စံနံတက ပြောသည်။

အဆိုပါ တိုက်ကြက် အရောင်းအဝယ်ပွဲသို့ ကြက်တိုက်ဝါသနာအိုး အများအပြား လာရောက်ကြည့်ရှုခဲ့ကြသည်ဟုဆိုသည်။ ဗမာကြက်မျိုးစပ် တိုက်ကြက်တစ်ကောင် ကျပ်သိန်း ၃၉၀ ဖြင့် အရောင်းထွက်ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဆာရာဖီခရိုင်ရှိ Sum-an တိုက်ကြက်မွေးမြူရေးခြံမှ ၁၆ လသား တိုက်ကြက်တကောင်ကို ဘတ်ငွေ တသန်း (ကျပ်သိန်း ၃၉၀ ဝန်းကျင်) ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
၎င်းကြက်မှာ ထိုင်းအခေါ် Phama Mahwing၊ ဗမာကြက်-ထိုင်းကြက် မျိုးစပ်ဖြစ်ပြီး ၃ ပွဲနိုင် ရှုံးပွဲမရှိစံချိန်ရရှိထားသည်။ ခြံပိုင်ရှင်ဖြစ်သူ အသက် ၃၆ နှစ်အရွယ် ချွန်ဂျစ်သည် အလေးချိန် ၂ ဒသမ ၆ ကီလိုဂရမ်ရှိ ၎င်းကြက်ကို ဘတ် ၈ သောင်းဖြင့် ဝယ်ယူခဲ့ခြင်ဖြစ်ပြီး သုံးပွဲဆက်တိုက်နိုင်ပွဲရရှိခဲ့ပြီးနောက် တန်ဖိုးမြင့်တက်လာခဲ့သည်။
ဝါသနာအိုးတဦးက ဘတ် ၅ သိန်းဖြင့် ဝယ်ယူရန်ကမ်းလှမ်းခဲ့ကြောင်း၊ ၎င်းပမာဏကို ချွန်ဂျစ်က ပယ်ချလိုက်ပြီးနောက် ဘတ် ၁ သန်းဖြင့် ထပ်မံကမ်းလှမ်းရာမှ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။ သူ့ရဲ့ ဒုတိယပွဲနဲ့ တတိယပွဲကို ကြည့်ပြီးကြိုက်သွားတယ်။ ဒုတိယပွဲဆိုရင် ၁၆မိနစ်နဲ့ အနိုင်ရခဲ့တာ။ အဲဒီ ကတည်းကဝယ်ချင်တာ”ဟု ဝယ်လက် အသက် (၃၀) အရွယ် စဝ်စံနံတက ပြောသည်။
REF: APANN PYAY

No comments:

Post a Comment

My Blog List