Friday, January 03, 2020

ရခိုင်တိုက်ပွဲတွင်များတွင် တပ်မတော်က မောင်းသူမဲ့ လေယာဉ် Drone များ အသုံးပြု တိုက်ခိုက်ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦး အတည်ပြု

Image may contain: airplane, sky and outdoor
ရခိုင်တပ်မတော်AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများတွင် မောင်းသူမဲ့လေယာဉ် Drone များ အသုံးပြု တိုက်ခိုက်မှုများ တပ်မတော်ဘက်က ဆောင်ရွက်မှုရှိကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ရခိုင်တပ်မတော်က ဇန်နဝါရီ ၂ ရက်နေ့ ထုတ်ပြန်သော သတင်းထုတ်ပြန်မှုတစ်ရပ်တွင် တပ်မတော်က ၂၀၂၀ ခုနှစ်အစောပိုင်းမှစ၍ Drone Operation ဒရုန်းစစ်ဆင်ရေးများကိုပါပူးတွဲလုပ်ဆောင်လာကြောင်း၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်ဖက်တွင် မောင်းသူမဲ့ယာဉ် Drone များပေါ်မှဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာ "စစ်တိုက်တာပဲလေ။ လိုအပ်ရင်တော့ သုံးမှာပေါ့။ ဒါပဲပေါ့။ ဒါပဲနော်။ ကျနော်ပြောတာ ရှင်းရှင်းလေးပဲ" ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
နိုင်ငံတကာက ထုတ်ပြန်ထားသော ကာကွယ်ရေးဆိုင်ရာ သတင်းများနှင့် အစီရင်ခံစာများအရ မြန်မာ့တပ်မတော်သည် တရုတ်နိုင်ငံလုပ် CH-3A drones အမျိုးအစားတိုက်ပွဲဝင် မောင်းသူမဲ့ လေယာဉ်များ ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- CH-3A drones များ။ Photo Credit-uasvision.com/

No comments:

Post a Comment

My Blog List