Thursday, January 02, 2020

အမေရိကန်ဒေါ်လာဈေးများ တအိအိကျဆင်းလာပြီး မြန်မာငွေကျပ်တန်ဖိုးယခင်ကထက်ပိုမာလာ

No photo description available.
အမေရိကန်ဒေါ်လာဈေးများ လအလိုက် တအိအိကျဆင်းလာပြီး ယခင်ကထက် မြန်မာငွေကျပ်တန်ဖိုးအနည်းငယ်ပိုမာလာကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၉ ဒီဇင်ဘာလက အမေရိကန် ၁ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၄၉၀ နှင့် ၁၅၁၀ ပါတ်ချာလည်ကြားတွင်ရှိခဲ့သည့် ငွေလဲနှုန်းသည် ယခု ၂၀၂၀ ဇန်နဝါရီ ၂ရက်နေ့တွင် ၁ဒေါ်လာ ၁၄၈၀ကျပ်သို့ ထိုးဆင်းသွားခဲ့သည်။
ကုန်သည်စက်မှုလက်မှုလုပ်ငန်းအသင်းချုပ် ဒုတိယဥက္ကဌဒေါက်တာမောင်မောင်လေးက “မြန်မာငွေကျပ်တန်ဖိုးအနည်းငယ်ပိုမာလာတယ်လို့ သုံးသပ်လို့ရပါတယ်“ဟု မှတ်ချက်ပြုသည်။
ယခု ၂၀၂၀ ဇန်နဝါရီလဆန်းပိုင်း၏ ငွေလဲနှုန်းကို ၂၀၁၉ ဇန်နဝါရီလဆန်းပိုင်းနှင့် နှိုင်းယှဉ်ပါက ၁ဒေါ်လာလျှင် ငွေကျပ်၆၀ခန့်ပိုကျသွားသည်ကိုလည်းတွေ့ရပြီး၊၂၀၁၈ ဒီဇင်ဘာလ နှင့် နှိုင်းယှဉ်လျှင် ၁ဒေါ်လာ ငွေကျပ်၈၀ကျော်ခန့်ကျဆင်းသွားသည်ကို တွေ့ရှိရမည်ဖြစ်သည်။
“မြန်မာရဲ့ အမေရိကန်ဒေါ်လာဈေးက ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်နေသလို၊ဝယ်လိုအား ရောင်းလိုအားပေါ်တွေမှာပါ အခြေပြုပြီး အပြောင်းအလဲ ဖြစ်နေပါတယ်။ခုကမ္ဘာမှာ စီးပွားရေးတွေ တုန့်ဆိုင်းသွားတယ်။အချို့ဆို ကျဆင်းနေတယ်။ဒီဂယက်ကြောင့် ဒေါ်လာဈေးက အရင်ကလောက်မမာတော့ဘူး။ဒါကတစ်ချက်။နောက်ဒီမှာလည်း စီးပွားရေးက နှေးကွေးလာတာတွေ့နေရတယ်။ဒါတွေကြောင့် ဒေါ်လာဈေးကျသွားတယ်။နောက် ပိတ်ရက်တွေများလို့၊ ဝယ်အားအရင်ကထက် ကျသွားလို့၊ဒါတွေကြောင့်လည်း ဒေါ်လာဈေး
က ကျသွားတယ်၊ငွေစက္ကူအသစ်ထုတ်တာကြောင့်၊နောက် ဗဟိုဘဏ်က ဒေါ်လာတွေသန်းချီဝယ်နေလို့ ကျသွားတာမဟုတ်ဘူး။ဒါနဲ့ မပတ်သက်ဘူး။ခုဒေါ်လာဈေးကျသွားပုံက ထိုးဆင်းသွားတာမဟုတ်ဘဲ တအိအိကျဆင်းသွားတာကြောင့် ကြီးမားတဲ့ ဆိုးကျိုးဘာမှ မရှိနိုင်ပါဘူး“ဟု ဒေါက်တာမောင်မောင်လေးက မှတ်ချက်ပြုသည်။
No photo description available.

ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List