Sunday, September 07, 2014

ဧရာဝတီတိုင်းအတွင်း ပေါ်ပေါက်နေသော တောင်သူလယ်သမားအရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ လူ့အခွင့်အရေးတို့နှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်းပေါင်းစုံ ဆွေးနွေးပွဲတစ်ခု မအူပင်တွင် ပြုလုပ်


ဧရာဝတီတိုင်းအတွင်း ပေါ်ပေါက်နေသော တောင်သူလယ်သမားအရေး၊ သဘာဝပတ်ဝန်းကျင်အရေး၊ လူ့အခွင့်အရေးတို့နှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် မအူပင်မြို့ တွင် ကျင်းပနေကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင်းရှိ ခရိုင်ပေါင်းစုံမှ အရပ်ဘက်အဖွဲ့အစည်း ၂၅ဝ ကျော် တက်ရောက်သော အဆိုပါ ဆွေးနွေးပွဲကို စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်တွင် မအူပင်မြို့ တိုးရွှေဝါခန်းမ၌ ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၆ ရက်က ဆွေးနွေးပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင် အပါအဝင် ၈၈ မျိုးဆက်ငြိမ်း/ပွင့်အဖွဲ့အ စည်း၊ ကချင်ငြိမ်းချမ်းရေး ကွန်ရက်တို့လည်း တက်ရောက်ခဲ့ကြသည်။

ဧရာဝတီတိုင်းတွင်းရှိ ပုသိမ်၊ မအူပင်၊ လပ္ပတ္တာ၊ မြောင်းမြ၊ ဟင်္သာတ၊ ဖျာပုံခရိုင်တို့မှ လယ်သမားအရေး၊ အလုပ်သမား အရေး၊ ရေလုပ်သားအရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားလုပ် ဆောင်နေကြသော အရပ်ဘက်အဖွဲ့ အစည်း ၂၅ဝ ကျော်ခန့်သည် လက်ရှိနိုင်ငံရေး အခြေအနေနှင့် အရပ်ဘက်အဖွဲ့ အစည်းများ၏ အခန်းကဏ္ဍအပေါ် မူတည်ကာ ရှေ့ဆက်လုပ်ဆောင်သွားရမည့် အစိုးရအပေါ် တောင်းဆိုရမည့် အချက်အလက်များကို ဆွေးနွေးခဲ့ကြသည်။

“ဧရာဝတီတိုင်းအတွင်းမှာ အဓိက ပေါ်ပေါက်နေတာကတော့ လယ်သမားအရေး၊ အင်းသားတွေ ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒါကလည်း ဖြေရှင်းနေဆဲပေမယ့် ဖြေရှင်းလို့ ကို မဆုံးနိုင်သေးတဲ့ အခြေ အနေတွေ ဖြစ်နေပါတယ်။ အစိုးရအနေနဲ့ ဖြေရှင်းပေမယ့် တုတ်တစ်ပြက်၊ ဓားတစ်ပြက် အခြေအနေ မျိုးတွေ ပေါ်ပေါက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီလို အခြေအနေမျိုးတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေ အနေနဲ့ လည်း ပါဝင်ပြီး ပြဿနာတွေပြေလည်အောင် ပူးပေါင်းဖြေရှင်း ပေးဖို့ကိုလည်း ဖိတ်ခေါ် ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်စကားပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

“တစ်မြို့နယ်ကို ၁ဝ ဖွဲ့ အနည်းဆုံး ဖိတ်ပါတယ်။ တိုင်းအစိုးရနဲ့ မအူပင်ခရိုင်က အုပ်ချုပ်ရေးပိုင်းကိုတော့ ဧည့်အနေနဲ့ ဖိတ်ပါတယ်။ ဒီနေ့ ဆွေးနွေးဆုံးဖြတ်ချက်တွေ ကို စာအုပ်ထုတ်ပြီး တက်ရောက်လာတဲ့ အဖွဲ့အားလုံးကို ဝေသွားမှာပါ။ တိုင်းအစိုးရ ကိုလည်း ပေးပို့သွားမှာပါ။ တိုင်းအစိုးရအနေနဲ့ ပြောင်းနေပြီ ဆိုတဲ့နေရာမှာ အောက်ခြေ မြို့နယ်၊ ခရိုင်အဆင့်က ဝန်ကြီးချုပ် ပြောတာကို လိုက်လုပ်ပေး တာတောင် အားနည်းနေတယ်။ အောက်ခြေက အလုပ်မလုပ်တော့ ဝန်ကြီးချုပ်နဲ့ပဲ ပြောနေရတာပေါ့။ အရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့လည်း အပြောင်းအလဲ အပေါ်မှာ မသာယာမိဖို့ အရေးကြီးပါတယ်” ဟု မအူပင်မြို့နယ် ပျိုးခင်းသစ်ဖောင်ဒေး ရှင်းမှ ကိုထိုက်ထိုက်က ပြောကြားသည်။
  

Eleven Media Group

No comments:

Post a Comment

My Blog List