Friday, September 12, 2014

IS စစ်ဆင်ရေး အပေါ် ရုရှားဝေဖန်ချက် Kerry ပယ်ချ


Islamic State အစ္စလာမ်အစွန်းရောက်တွေကို အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ဖို့ ကြိုးပမ်း ဆောင် ရွက်မှုတွေဟာ သူ့သဘောနဲ့သူ လုပ်ဆောင်ခြင်း ဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ် တယ်လို့ ရုရှားနိုင်ငံရဲ့ ပြောဆိုမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပယ်ချလိုက်ပါ တယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း လတ်တလော ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ Crimea ဒေသကို သိမ်းပိုက်လိုက် တဲ့ လုပ်ရပ်တွေ လုပ်ဆောင်ထားတဲ့ ရုရှားနိုင်ငံက အခုလို နိုင်ငံတကာ ဥပဒေချိုးဖောက်တယ်၊ ကုလသဂ္ဂ နဲ့ဆိုင်တဲ့ကိစ္စဖြစ်တယ် စသည်ဖြင့် ပြောဆိုတာတွေဟာ ရယ်စရာ ဖြစ်နေကြောင်း သူနဲ့အတူ လိုက်ပါ သွားတဲ့ သတင်းထောက်တွေကို ၀န်ကြီးကယ်ရီက ဆော်ဒီ အာရေး ဗီးယားနိုင်ငံမှာ အဲဒီလို ပြောကြားလိုက် တာ ဖြစ်ပါတယ်။

Islamic State အစ္စလာမ် အစွန်းရောက်တွေဟာ ရုရှားနိုင်ငံကိုပါ ခြိမ်းခြောက်နေတဲ့ အန္တရာယ်ဖြစ်တယ် ဆိုတာ သဘောပေါက်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော် လင့်ကြောင်းနဲ့ ရုရှားအနေနဲ့ ISIL အဖွဲ့ရဲ့ အန္တရာယ်ကို စိုးရိမ် ပူပန်ဖို့လိုကြောင်း ဗွီအိုအေနဲ့ သီးခြား ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း ၀န်ကြီးကယ်ရီက ပြောပါတယ်။

ဆီးရီးယားနိုင်ငံအတွင်းက အစ္စလာမ်အစွန်းရောက်တွေကို တိုက်ခိုက်ဖို့ သမ္မတ Barack Obama က ခြိမ်းချောက် ပြောဆိုမှုကို ရုရှားက ကြာသပတေးနေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဆီးရီးယားအစိုးရ၊ ဒါမှမဟုတ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ ကြိုတင် တိုင်ပင်ခြင်း မရှိပဲ လုပ်ဆောင်တဲ့ အဲဒီလို လုပ်ရပ်မျိုး ဟာ ကျူးကျော် ရန်လိုတဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို အလွန်အကျွံ ကျူးလွန်ခြင်း ဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Alexander Lukashenvich က ပြောပါတယ်။

VOA

No comments:

Post a Comment

My Blog List