Tuesday, September 09, 2014

ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း သယံဇာတထုတ်ယူမှု လုပ်ငန်းများကို ရပ်ဆိုင်းရန် ရှမ်းအဖွဲ့ ထုတ်ြပန်


ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း တိုင်းရင်းသားဒေသများရှိ သယံဇာတထုတ်ယူမှုများကို ရပ်ဆိုင်းရန် အရေးပေါ် လိုအပ်နေသည်ဟု ရှမ်းလူထုအခြေပြုအဖွဲ့အစည်းများက စက်တင်ဘာ ၈ ရက်တွင် သတင်းထုတ် ပြန်ခဲ့ သည်။

၂၀၁၄ခုနှစ်စက်တင်ဘာ၅ရက်၌ ရှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့တွင် လယ်သမား ၃,၀၀၀ ကျော်ကသတ္တု တူးဖော်ရေးလုပ်ငန်းကိုဆန့်ကျင်ဆန္ဒပြခဲ့သည့်  ဖြစ်ရပ် ကသတ္တုတူးဖော်ရေးကြောင့် ဖြစ်ပေါ်လာ သော ဆိုးကျိုးမှ အကာအကွယ် မပေးနိုင်ခြင်းကို မီးမောင်းထိုးပြနေသည်ဟု ယင်းအဖွဲ့က ယူဆသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း စစ်မှန်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေးမရသရွေ့ တိုင်းရင်း သားဒေသတွင် သယံဇာတထုတ်ယူမှုများကို ရပ်တန့်ရန် အရေးပေါ်လိုအပ်ခြင်းကို သိသာထင်ရှား စေသည် ဟု ဆိုသည်။

“စေ့စပ်ဆွေးနွေးတဲ့ စားပွဲဝိုင်းပေါ်ကိုမရောက်ခင် ကျွန်မတို့ရဲ့ အဖိုးတန်တဲ့ သယံဇာတတွေကို နေပြည်တော်က ရောင်းချနေပါတယ်။အဘက်ဘက်က သဘော တူညီချက် ရတဲ့အချိန်ရောက်ရင် ဘာမှ ကျန်တော့မှာ မဟုတ်ပါဘူး”ဟု ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများမှ ပြောဆိုခွင့်ရှိသူ မွေနွမ်ဟွမ်က ပြော သည်။

နမ့်ခမ်းမြို့တွင် ၂၀၁၂ ခုနှစ်အစောပိုင်းကတည်းက မြို့၏ အရှေ့တောင်ဘက်ရှိ တောင်တန်းများပေါ်၌ ဆီလီကွန်သတ္တူကို ကုမ္ပဏီခြောက်ခုကတူးဖော်ပြီးတ ရုတ်နိုင်ငံသို့ကားများဖြင့်တင်ပို့ခဲ့ကြသည်။

ယင်းလုပ်ငန်းများမှထွက်ရှိလာသောစွန့်ပစ်ပစ္စည်းများကြောင့်နမ့်ဆီးရီးချောင်းနှင့်လယ်ယာမြေတို့ကိုပျက်စီး စေခဲ့ သည်ဟု ယင်းအဖွဲ့က ဆိုသည်။

သတ္တုတူးဖော်ရေး လုပ်ဆောင်ချက်များသည် ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ထိခိုက်ပျက်စီးမှုများအတွက် ဒေသခံ လူထုကို အကာအကွယ်ပေးရန် ပျက်ကွက်ခြင်း၊ တရုတ် နိုင်ငံသို့ တင်ပို့နေသည့် သဘာဝဓာတ်ငွေ့ နှင့် ရေနံပိုက်လိုင်းအပါအ၀င် သယံဇာတတူးဖော်ရေး စီမံကိန်းများနှင့် ဆက်စပ်နေသည့်  လုံခြုံရေးများအ တွက် စစ်အင်အားများ တိုးချဲ့ချထားခြင်းများနှင့် ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ရှမ်းလူထု အခြေပြုအဖွဲ့အစည်းများက အထူးစိုးရိမ်လျက်ရှိ သည်ဟုထုတ်ပြန်ထားသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ဒေသခံလူထု၏ အခွင့်အရေးများကို ခိုင်မာစွာအကာအကွယ်ပေးသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်ပြီးသည့်အချိန်ထိ တိုင်းရင်းသားဒေသများရှိ သယံဇာတထုတ်ယူမှု များကို အမြန်ဆုံးရပ်ဆိုင်းပေးရန် ယင်းရှမ်းအဖွဲ့က တောင်းဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List