Tuesday, September 09, 2014

စစ်ဖြစ်နေတဲ့ Mariupol မြို့ကို ယူကရိန်းသမ္မတ သွားရောက်လေ့လာ



ယူကရိန်း သမ္မတ ပက်ထရို ပိုရိုရှန်ကို ဟာ စစ်ဖြစ်ပွားနေတဲ့ ယူကရိန်းအရှေ့ ဘက်ပိုင်းက Mariupol မြို့ကို သွားရောက် လေ့လာခဲ့ပါတယ်။ Mariupol မြို့မှာ ယူကရိန်းပိုင်ဖြစ်တဲ့အတွက် ဘယ်သူ့ရဲ့ လက်ထဲကိုမှ ထည့်မပေးနိုင်ဘူးလို့လည်း ယူကရိန်း သမ္မတက ပြောပါတယ်။ ဥရောပသမဂ္ဂက ရုရှားအပေါ် ဒဏ်ခတ် ပိတ်ဆို့မှု ထပ်မံ ချမှတ်ပြီးနောက်မှာပဲ သွား ရောက်လေ့လာမှု လုပ်ခဲ့တာဖြစ်ပါတယ်။
ယူကရိန်းအရေးမှာ ရုရှား ဝင်ရောက်ပတ်သက်နေတဲ့အပေါ် တုန့်ပြန်တဲ့အနေနဲ့ ဥရောပ သမဂ္ဂက ရုရှားအပေါ် ဒဏ်ခတ် ပိတ်ဆို့မှု ထပ်မံ ချမှတ်လိုက်တာပါ။ ဒီတချီ ဒဏ်ခတ်ပိတ်ဆို့မှုကတော့ ရုရှားရဲ့ ရေနံကဏ္ဍကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ် ဆို့မှု ဖြစ်ပါတယ်။

ရုရှားရဲ့ ရေနံလုပ်ငန်းဟာ အနောက်တိုင်းနိုင်ငံတွေရဲ့ စက်မှုအပေါ် မှီခိုနေ ရတဲ့အတွက် ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဖြစ်နိုင်တယ်လို့ ယူဆနေကြတာ ဖြစ်ပါတယ်။

ဒီဒဏ်ခတ်ပိတ်ဆို့မှု အသစ်ကို လာမယ့် ရက်အနည်းငယ်အတွင်း ကျင့်သုံး သွားမယ်လို့ ဥရောပသမဂ္ဂ ဥက္ကဌက ပြောပါ တယ်။

တချို့အဖွဲ့ဝင်နိုင်ငံက ယူကရိန်းနိုင်ငံမှာ အပစ်အခတ် ရပ်စဲရေးလုပ်ဆောင်ရင် ဒီဒဏ်ခတ်ပိတ်ဆို့မှုကို ဘယ်လို ရပ်တန့် သွားမလဲ ဆိုတဲ့ ကိစ္စကို ဆွေးနွေးခဲ့ကြ တဲ့အတွက် ဒီဒဏ်ခတ်ပိတ်ဆို့မှုဟာ မျှော်လင့်ထားတာထက် နောက်ကြပြီးမှ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List