Tuesday, September 09, 2014

တက္ကသိုလ်များတွင် ကျောင်းသားများက ဆရာများကို ပြန်လည်အကဲဖြတ် ပေးနိုင်သည့်စနစ် ကျင့်သုံးမည်


တက္ကသိုလ်များတွင် ကျောင်းသားများက ဆရာ၊ ဆရာမများကို ပြန်လည်အကဲဖြတ် သည့် စနစ်ကျင့်သုံးသွား မည်ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက် တာအောင်သူက ပြောသည်။အဆိုပါစနစ်ကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးနေဆဲဖြစ်သည့် အမျိုးသားပညာရေးဥပဒေကြမ်း အတည်ပြုပြီးပါက ကျင့်သုံးနိုင် မည်ဟုဆိုသည်။

ဒေါက်တာအောင်သူက “ရလဒ်တွေကိုပါချုပ်ကနေ သရုပ်ပြရာထူးအထိရာထူး အတိုး အရွှေ့လို ကိစ္စတွေမှာ ထည့်သွင်းစဉ်းစားမှာပါ” ဟု ပြောသည်။ ယင်းအပြင် တက္ကသိုလ်များတွင် ဆရာ၊ ဆရာမများကို လေးနှစ်(သို့ မဟုတ်)နှစ်နှစ်သာ ခန့်တော့မည်ဟု ၎င်းက ဆိုသည်။

ကျောင်းသားများသည် ဆရာ၊ ဆရာမများ၏ အရည်သွေးအကဲဖြတ်ရာတွင် ပညာသင်နှစ် တစ်နှစ်ပြီးဆုံး သည့်အခါမဲပေးစနစ်ဖြင့် ဆရာများ၏သင်ကြားမှုစွမ်းရည်နှင့် သုတေသနစွမ်းရည်ကို အကဲဖြတ်ရ မည်ဖြစ်သည်။ 

ယင်းသို့ဆောင်ရွက်ပြီးနောက် သက်ဆိုင်ရာတက္ကသိုလ်များအလိုက် အရည်အသွေးအကဲဖြတ်ရေး အဖွဲ့များ ဖွဲ့စည်းကာ ၎င်းရလဒ်များကို ကျောင်းသားများကိုယ်စား ထိန်းသိမ်းဆောင် ရွက်ပေးမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာပညာရေးအကြံပေးပညာရှင်၊ မြန်မာနိုင်ငံဘက်စုံလွှမ်းခြုံ နိုင်သောပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့(CESR) ဥက္ကဋ္ဌဒေါက် တာမြင့်သိန်းက “ဖွံ့ဖြိုးပြီးတဲ့နိုင်ငံတွေမှာ ကျင့်သုံး နေကြတဲ့ပုံစံတွေကို သေချာလေ့ လာပြီးဆောင်ရွက်သင့်တယ်”ဟု ပြောသည်။

တက္ကသိုလ်များ ဖွဲ့စည်းပုံအသစ်အရ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဦးစီးဌာနနှစ်ခုမရှိတော့ခြင်း၊ မိမိတက္ကသိုလ်၏ လိုအပ်ချက်နှင့်အညီသင်ကြားရေး မဟာဌာနများကို ဖွဲ့စည်းနိုင်ခြင်း၊ တက္ကသိုလ်များလို အပ်ချက်နှင့်အညီ ဆရာ၊ ဆရာမ များလိုအပ်သလို ခန့်ထားခွင့်ပြုခြင်းတို့ ပါဝင်သည်။ ယင်းအပြင် ရန်ပုံေ ငွ ရှာဖွေနိုင်သည့် အခွင့်အရေးနှင့် ထိုရန်ပုံငွေသုံးစွဲနိုင်ရန် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်ခြင်း၊ ပါမောက္ခချုပ်များ၊ ဒု-ပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများကိုခန့် ထားရေးကို အချိန်ပိုင်းစနစ်ပြောင်းလဲခြင်းတို့ ပါဝင်လာမည် ဖြစ်သည်။ ဥပဒေကြမ်းကို စက်တင်ဘာတွင် ပြုလုပ်မည့်ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြု မည်ဟု ခန့်မှန်းထား ကြသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List