Friday, September 12, 2014

ရွှေဝါရောင်တော်လှန်ရေး ၇ နှစ်ပြည့် အခမ်းအနား ကျင်းပမည်



သံဃာတော်များ ဦးဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ၇ နှစ်ပြည့် အထိမ်း အမှတ် အခမ်းအနားကို ယခုလ ၁၈ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ရွှေဝါရောင်တော်လှန်ရေး ဦးဆောင် ဆရာတော် ဦးပဏ္ဍဝက မိန့်ကြားသည်။
အဆိုပါ အခမ်းအနားကို သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓမ္မပီယကျောင်းတိုက်တွင် စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီမှ စတင်ကျင်းပမည် ဖြစ်ပြီး သံဃာတော်ပေါင်း ၁၅၀ ခန့်နှင့် နိုင်ငံရေး အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ အပါအဝင် နိုင်ငံရေး အဖွဲ့အစည်းများမှ လူဦးရေ ၄၀၀ ခန့်ကို ဖိတ်ကြားသွားမည်ဟု ၎င်းကဆိုသည်။

ယင်းအခမ်းအနားတွင် ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အားလုံး စုပေါင်းပြီး အကောင်အထည် ဖော်ဆောင်နိုင်ရေး၊ ၂၀၁၅ ရွေးကောက်ပွဲကို တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရေးနှင့် မဟနအဖွဲ့ကို သံဃာတော်များက ပြန်လည်ရွေး ချယ်ပေးရန် စသည့် ကိစ္စရပ်များ တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း မိန့်ကြားသည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ခြင်းမဟုတ်ဘဲ ရန်ကုန်မြို့တော်ရှိ ရွှေဝါရောင် တော်လှန်ရေးမှာ ပါဝင်ခဲ့သည့် သံဃာတော် များ စုပေါင်းပြီး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ အခြားမြို့များမှ သံဃာတော်များ အနေနှင့် ၎င်းတို့မြို့များတွင် တော်လှန်ရေး စတင်လုပ်ဆောင်ခဲ့သော နေ့များ၌ အထိမ်းအမှတ် အခမ်းအနားပွဲများ လုပ်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ကုန်ဈေးနှုန်းများ မြင့်တက်လာမှု၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် ရန်ကုန်မြို့တော်တွင်းမှ သံဃာတော်များ ဦးဆောင်ကာ ရွှေတိဂုံဘုရားမှ ဆူးလေဘုရားအထိ လမ်းလျှောက်၍ မေတ္တသုတ် ရွတ်ဆိုကာ စတင် စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ၈ ရက်မြောက်နေ့တွင် တပ်မတော်အစိုးရက အကြမ်းဖက် ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List