Tuesday, September 09, 2014

Miss Globe International 2014 ပြိုင်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် နေသည့် အေးချမ်းမြေ့


ရန်ကုန်၊ စက်တင်ဘာ ၈။ Miss Globe International 2014 ပြိုင်ပွဲ အတွက် အလှမယ် အေးချမ်းမြေ့သည် မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ရန် စက်တင်ဘာ ၂ရက်တွင် Azerbaijan နိုင်ငံသို့ ထွက်ခွာ သွားခဲ့ပြီး ဖြစ်ပြီးယခု ချိန်၌ယင်းပြိုင်ပွဲအတွက် လေ့ကျင့်မှုများ စတင်လုပ်ဆောင် နေပြီဟု Miss Globe Myanmar Organization မှ မလှနုထွန်းက မဇ္ဈိမကို ပြောသည်။

"၁ရက်နေ့လောက်က ဗီဇာရော ၊ လေယာဉ် လက်မှတ်ရော ဟိုဘက် အဖွဲ့အစည်းက လှနု တို့ဆီ ပို့ပေး တာကြောင့်စက်တင်ဘာ၂ရက် မနက်လောက်မှာ လှနုတို့ အေးချမ်းမြေ့ တို့ မိသားစုဆီ သွားတွေ့တယ်။ အဲဒီ ၂ရက်နေ့ မှာပဲ သူ့မိသားစုနဲ့ အတူ လှနုတို့လေဆိပ်ကို လိုက်ပို့ လိုက်တယ်။ လှနုက ရန်ကုန်မှာ ကိစ္စလေး တစ်ခု ရှိနေ တာကြောင့် မလိုက်ဖြစ်ဘူး။ သူတစ်ယောက်တည်း ဆိုပေမယ့် အလှမယ်တွေ အကုန်လုံးက ဝိုင်းပြီး ဂရုစိုက် ပေးကြ ပါတယ်" ဟု မလှနုထွန်းက ပြောသည်။

Miss Globe Myanmar Organization မှ ပြုလုပ်သည့် Miss Globe Myanmar 2014 ပြိုင်ပွဲတွင် အေးချမ်းမြေ့သည် 4th runner up ရရှိ ခဲ့ခြင်းကြောင့်Organization မှ ရွေးချယ် စေလွှတ် ယှဉ်ပြိုင် ခဲ့ခြင်း ဖြစ်သည်။

ယင်းပြိုင်ပွဲ မကျင်းပခင် အချိန်က အလှမယ် အေးချမ်းမြေ့ ကို၎င်း၏Miss Globe Myanmar Organization မှ ယုံကြည်ချက်ရှိရှိ ဖြင့်လမ်းလျှောက်နိုင်ရန် လမ်းလျှောက်ပုံများကို အဓိက သင်ကြား ပေးလျက်ရှိပြီး ပုံမှန် လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ခဲ့ကာ ပြိုင်ပွဲဝင်ပြိုင်ရန်အဆင်သင့် ဖြစ်နေသူဟု မလှနုထွန်း ကပြောသည်။

အဆိုပါပြိုင်ပွဲ အတွက် ဝတ်စုံ များကို ဒီဇိုင်နာ ပြည်စိုးအောင် နှင့် ဌေးဌေးတင်တို့ မှ ဆောင်ရွက် ပေးခဲ့ပြီး  ညနေခင်း ဝတ်စုံသည် ပွဲစီစဉ်သူများ၏ ချမှတ်ထားသည့် ၀တ်စုံကိုသာဝတ်ဆင်ရမည်ဖြစ်သည်။

ယင်း ပြိုင်ပွဲ ၏ ပထမ ရက်တွင် Red Bull energy drink party ပြုလုပ်ခဲ့ပြီး တတိယရက်၌ နိုင်ငံကိုယ်စားပြု ဝတ်စုံများဖြင့် ပြိုင်ပွဲဝင်များ ဓာတ်ပုံ ရိုက်ခဲ့ ကြသည်။

လေးရက်မြောက် နေ့တွင်ပြိုင်ပွဲ ဝင်များသည် Azerbaijanနိုင်ငံ ၏ပင်လယ်ပြင် လေ့လာရေး သွားခဲ့ ကြပြီး Khazar islands နှင့် Polo horse riding club တို့တွင် မြင်းစီး ထွက်ခဲ့ကြသည်။ ယင်းအပြင် အလှမယ်များသည် လမ်းလျှောက်သည့် စနစ်ကို လေ့ကျင့်ခဲ့ပြီး အားကစား များကိုလည်း အဖွဲ့လိုက် လုပ်ဆောင် ခဲ့ကြသည်ဟု မလှနုထွန်းကပြောသည်။

အဆိုပါ ပြိုင်ပွဲသည် ခရီးသွားလာရေး ကိုဦးစားပေး ကျင်းပသည့် ပြိုင်ပွဲ တစ်ခု ဖြစ်ပြီးလက်ရှိတွင်  နိုင်ငံကိုယ်စားပြု အလှမယ် အယောက် ၄ဝကျော် သည် ယင်းနိုင်ငံ၌ ရောက်ရှိနေပြီ ဖြစ်ပြီးနောက်ဆုံး ပြိုင်ပွဲကိုစက်တင်ဘာ ၁၄ရက်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်သော်လည်း စိတ်ကြိုက် မဲပေးသည့်စနစ်ထား ရှိခြင်း မရှိသည့် ပြိုင်ပွဲ ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List