Thursday, September 11, 2014

ဗ.က.သ ကျောင်းသားနှစ်ဦးကို ပုဒ်မ-၁၈ ဖြင့် အမှုဖွင့်ထား


အမျိုးသားပညာရေးဥပဒေကို ကန်ကွက်ဆန္ဒထုတ်ဖော်သည့်အတွက် ဗ.က.သများအဖွဲ့ချုပ် (တောင်ငူခရိုင်) မှကျောင်းသားခေါင်းဆောင်များဖြစ်ကြသော တောင်ငူခရိုင်ကျောင်းသားများ သမဂ္ဂဥက္ကဌ ကိုလော ရင့်ကျော်ကျော် နှင့်အလုပ်အမှုဆောင် ကိုထွန်းအောင်ကျော် တို့အား ပုဒ်မ-၁၈ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်းသိရသည်။

ကျောင်းသားခေါင်းဆောင် ၂ဦးအားဖမ်းဆီးထိန်းသိမ်းခြင်းမရှိသေးဘဲ အမှုဖွင့်အရေးယူထားကြောင်း စက်တင်ဘာ၁၀ ရက်နေ့တွင်မိဘများထံသို့ တရားဝင်စာပို့ထားခြင်းမရှိသေးပဲ နှုတ်ဖြင့် လာရောက် အကြောင်းကြားထားကြောင်း သိရသည်။

“ကျောင်းသားမိဘအိမ်တွေကို ၁၀ရက်နေ့က လိုက်ပြောပါတယ်၊ ပုဒ်-၁၈နဲ့အရေးယူထားတယ် စာမေး ပွဲဖြေပြီးရင် ရဲစခန်းမှာ အာမခံလာလုပ်ဖို့အကြောင်းကြားပါတယ်၊ တရားဝင်စာပို့ထားတာတော့ မရှိသေး ပါဘူး”ဟု တောင်ငူခရိုင်ကျောင်းသားများသမဂ္ဂသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအောင်ထက် က ပြောကြားခဲ့သည်။

“အမျိုးသားပညာရေးဥပဒေကို တောင်ငူခရိုင် ကျောင်းသားတွေပဲ ဆန္ဒထုတ်ဖော်တာ မဟုတ်ပါဘူး၊ တစ်နိုင်ငံလုံးမှာရှိတဲ့ကျောင်းသားသမဂ္ဂတွေအကုန်လုံးဆန္ဒထုတ်ဖော်တာပါ၊ ကျွန်တော်တို့ကျောင်းသား ခေါင်းဆောင်တွေကို ဒီလိုလုပ်တာဟာကျွန်တော်တို့အင်အားကို ချိနဲ့သွားအောင်ဆောင်ရွက်နေတယ်လို့ ထင်ပါတယ်” ဟု၎င်းကဆက်လက်ပြောကြားသည်။

ဗ.က.သ ကျောင်းသားများအား အမှုဖွင့်အရေးယူမှု နှင့်ပတ်သက်ပြီး တောင်ငူမြို့နယ်အမှတ်(၂)ရဲစခန်းမှ စခန်းမှူးဖြစ်သူဦးအေးဇော်အား တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်းမရှိပါ။

တောင်ငူခရိုင်ကျောင်းသားသမဂ္ဂများသည် စက်တင်ဘာ၎ရက်နေ့တွင် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

The Myanmar Age

No comments:

Post a Comment

My Blog List