အေဘီစီ သတင်းဌာနရဲ့ 7.30 ရုပ်မြင်သံကြား အစီအစဉ်ရဲ့ စုံစမ်းမှုအရ IS လို့ခေါ်တဲ့ အစ္စလာမ်မစ်နိုင်ငံ တည်ထောင်သူအဖွဲ့ရဲ့ ထိပ်သီး ခေါင်းဆောင် တစ်ဦးဟာ သြစတြေးလျနိုင်ငံသား ဖြစ်နေကြောင်း သိရပါ တယ်။ ဆစ်ဒနီမြို့က အသက် ၃၃ နှစ်အရွယ် သြစတြေးလျနိုင်ငံသား Mohammad Ali Baryalei ဟာ ဂျီဟတ်ဒစ် တစ်ဦးဖြစ်ပြီး IS အဖွဲ့က ထိပ်တန်းရာထူးတစ်ခုကို ရယူထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီပုဂ္ဂိုလ်ရဲ့ အဆက်အသွယ်နဲ့ တခြား သြစတြေးလျ မွတ်စလင်တွေကလည်း IS အ ဖွဲ့ ဝင်တွေ ဖြစ်လာ နေကြတာ ဖြစ်ပါတယ်။
အခု လောလောဆယ် သြစတြေးလျ နိုင်ငံသား အယောက် ၆၀ လောက် စစ်သွေးကြွ လှုပ်ရှားမှုမှာ ပါဝင်နေပြီး အဲဒီအထဲက အနည်းဆုံး တဝက်လောက်ဟာ Mohammad Ali Baryalei ရဲ့ အဆက်အသွယ်နဲ့ စစ်သွေးကြွအဖြစ် လုပ်ဆောင်နေကြသူတွေ ဖြစ်နေတာပါ။
Mohammad Ali Baryalei ဟာ Kings Cross နိုက်ကလပ်ရဲ့ တံခါးစောင့် လုံခြုံရေးဖြစ်ခဲ့ပြီး အာဖဂန် နစ္စတန်နိုင်ငံကနေ သြစတြေးလျနိုင်ငံကို ဒုက္ခသည်အဖြစ် ရောက်ရှိလာသူ ဖြစ်ပါတယ်။
သူ့ရဲ့ စည်းရုံးမှုကြောင့် အသက် ၁၇ နှစ်အရွယ်သာ ရှိသေးတဲ့ Khaled Sharrouf နဲ့ Mohamed Elomar ဆိုတဲ့ သြစတြေးလျနိုင်ငံသားတွေလည်း စစ်သွေးကြွ လှုပ်ရှားမှုမှာ ပါဝင်ပြီး အီရတ်နဲ့ ဆီးရီးယားမှာ အသတ်ခံခဲ့ရပါတယ်။
ဒါ့အပြင် အသက် ၂၂ နှစ်အရွယ် Amira Karrorum ဆိုသူ အမျိုးသမီးနဲ့ သူ့ရဲ့ ခင်ပွန်းသည်ကိုလည်း စည်းရုံးနိုင်ခဲ့ပြီး အဲဒီဇနီးမောင်နှံဟာလည်း ဆီးရီးယားနိုင်ငံ Aleppo မြို့မှာ ဇန်နဝါရီလက သေဆုံးခဲ့ရ ပါတယ်။
ABC
No comments:
Post a Comment