မြန်မာနိုင်ငံမှာ အများဆုံး ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံ ငါးနိုင်ငံစာရင်းမှာ ဗီယက်နမ်နိုင်ငံ ပါဝင်ဖို့ လာမယ့်နှစ် မတိုင်ခင် လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံတဲ့ ဗီယက်နမ်အသင်း AVIM ဥက္ကဌက ပြောပါတယ်။ လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ တွေ့ဆုံစဉ်အတွင်း AVIM ဥက္ကဌ Tran Bac Ha က ပြောသွားခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ ရည်ရွယ်ထား တယ်လို့ ဆိုပါတယ်။
လွှတ်တော်နာယက သူရဦးရွှေမန်းဟာ စက်တင်ဘာလ ၅ ရက်ကတည်းက ဗီယက်နမ်နိုင်ငံကို ရောက်ရှိ နေတာဖြစ်ပြီး ဒီကနေ့ကတော့ နောက်ဆုံးရက် ခရီးစဉ် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု တိုးမြှင့်မှာဖြစ်သလို နှစ်နိုင်ငံ ကုန်သွယ်ရေးကိုလည်း ဒေါ်လာ ၆၀၀ ဘီလီယံ ကနေ ၇၀၀ ဘီလီယံ ရောက်ရှိအောင် လုပ်ဆောင်မယ်လို့လည်း Tuoitrenews သတင်းမှာ ဖော်ပြထား ပါတယ်။
ဒါ့အပြင် ဗီယက်နိုင်ငံသား အယောက်ပေါင်း ၃၅၀၀၀ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်အောင် လုပ်ဆောင်မယ်လို့လည်း ပြောပါတယ်။
ဗီယက်နမ်အနေနဲ့ အခုလို လုပ်ဆောင်နိုင်ဖို့အတွက် မြန်မာနိုင်ငံဘက်ကလည်း တရားဥပဒေတွေ အတိ အကျ ချမှတ်ပေးဖို့နဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေ မက်လောက်တဲ့ ပေါ်လစီတွေ ချမှတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်။
ဒါကို တုန့်ပြန်တဲ့အနေနဲ့ သူရဦးရွှေမန်းကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ် နှံမှုများလာအောင် မြန်မာအနေနဲ့ တခြားနိုင်ငံရဲ့ ဥပဒေမူဘောင်တွေကို လေ့လာနေတယ်လို့ ပြောပါတယ်။
ဗီယက်နမ်အနေနဲ့ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ငွေရေးကြေးရေး နဲ့ ဘဏ်လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံမှုတွေ တိုးချဲ့လုပ်ဆောင်ဖို့လည်း သူရဦးရွှေမန်းက တိုက်တွန်းတဲ့ အကြောင်း ဗီယက်နမ်သတင်းမှာ ပါရှိပါတယ်။
ABC
No comments:
Post a Comment