အဆိုပါ Navy SEAL တပ်ဖွဲ့ဝင်သည် အိုစမာဘင်လာဒင်အား သေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့စဉ်က ယင်းအင်္ကျီကို ၀တ်ဆင်ထားခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးအတွက် ၎င်း၏အမည်အား ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိသကဲ့သို့ ယခုပြသထားသည့် အင်္ကျီတွင် လည်း အမည်အား ရေးသားထားခြင်းမရှိပေ။
အဆိုပါအင်္ကျီအား ပြတိုက်တွင် ထားရေးအတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့သူ လွှတ်တော်အမတ် ကာရို လင်းမာရိုနေက “အကြမ်းဖက်နှိမ်နှင်းရေး စစ်ပွဲတွေအတွက် အသက်တွေကို ရင်းနှီးမြှုပ်နှံထားတဲ့ အမျိုးသား၊အမျိုးသမီးတွေရဲ့ သတ္တိတွေကို ဂုဏ်ပြုပြီး ၉/၁၁ တိုက်ခိုက်ခံရမှုကို အမှတ်တရရှိစေဖို့အတွက် Seal Team Six တပ်ဖွဲ့ဝင်က သူ့အင်္ကျီကို ပြတိုက်အတွက် လှူဒါန်းခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။
Ref:India Today
Mizzima - News in Burmese
No comments:
Post a Comment