Thursday, September 11, 2014

မိကျောင်းကန် သပိတ်စခန်း ဆက်ဖွင့်မည်



မိကျောင်းကန် သပိတ်စခန်း ဆက်လက်ဖွင့်လှစ် သွားမည်ဖြစ်ပြီး လွှတ်တော်ကဖြေရှင်းမပေးပါက ၎င်းတို့ မူလမြေနေရာ များတွင် ၀င်ရောက်နေထိုင်သွားမည်ဖြစ်ကြောင်း မိကျောင်းကန်ပြည်သူများက ပြောသည်။ ၂၀၁၄ မတ်လ ၂၄ ရက်မှ စတင်၍ ငါးလကျော်ကြာ သပိတ် စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေ သော မိကျောင်းကန်ပြည်သူများအား ၎င်းတို့ မြေယာအစား အ ခြားနည်းလမ်းများဖြင့် နစ်နာကြေးများရရှိရန် အဖြေရှိနေကြောင်း ပြည်သူ့လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က စက်တင်ဘာ ၈ ရက်တွင် မိကျောင်းကန်ပြည်သူများထံ လာရောက်ပြောကြားသွားသည်။
ထိုသို့ ပြောကြားသွားသော ကြောင့် မိကျောင်းကန်ပြည်သူ များသည် သပိတ်စခန်းဆက်လျက် ဖွင့်၊ မဖွင့်ကို စက်တင်ဘာ၁၀ ရက်တွင် ဆွေးနွေးရာသေချာသည့် ကတိတစ်ခုမပေးသောကြောင့် သပိတ်စခန်းဆက်လက်ဖွင့်လှစ်သွားမည်ဟု ဆုံးဖြတ်ချက် ချလိုက်ခြင်း ဖြစ်သည်။

‘‘တင်ပြပေးမယ်။ လုပ်ပေး မယ်လို့ ပြောနေတာတွေ မယုံ တော့ဘူး။ အဲဒါကြောင့် သေချာ တဲ့ သဘောတူညီမှု မရမချင်း သပိတ်စခန်းကို ဆက်ဖွင့်သွား မယ်။ နောက်ပြီး လွှတ်တော်က ဖြေရှင်းမပေးဘူးဆိုရင် ကျွန်တော်တို့နေခဲ့တဲ့ အရင်နေရာကို ၀င်ရောက်တဲထိုးပြီး နေထိုင်သွားမယ်’’ဟု စက်တင်ဘာ ၁၀ ရက်က ကျောက်တံတားမြို့နယ် တရားရုံးတွင် ပုဒ်မ-၁၈ ဖြင့် ထောင်လေးလချ မှတ်ခံရသည့် မိကျောင်းကန် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းက ပြောသည်။ 



၎င်းသည် မိကျောင်းကန် ဆန္ဒပြမှုနှင့်ပတ်သက်၍ မြို့နယ်လေးမြို့နယ်ကပုဒ်မ-၅ ခုဖြင့် အရေးယူကာ ပြစ်ဒဏ်ချမှတ်ထားရာ စုစုပေါင်းထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသည်။

မြေယာပြန်လည်ရရှိရန် သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေသော မိကျောင်းကန်ပြည်သူများထဲမှ အချို့သည် သပိတ်စခန်း ပိတ်သိမ်းရန် ဆန္ဒရှိနေကြပြီးအများစုက ပိတ်သိမ်းရန် ဆန္ဒမရှိသောကြောင့် ဆက်လက်ဖွင့်လှစ်သွားရန် ဆုံးဖြစ်ခြင်းဖြစ် သည်ဟုဆိုသည်။

‘‘ဘာလျော်ကြေးမှ မရသေး ဘဲနဲ့ သပိတ်စခန်းပိတ်လိုက်ရင် ကျွန်မတို့မှာ သွားနေစရာ မရှိ သေးဘူး။ အိမ်ငှားပြီးနေနေတာ။ အခုသပိတ်စခန်းမှာပဲနေတာ ခြောက်လပြည့်တော့မယ်။ ငှားထားတဲ့ အိမ်ကလည်း မငှားတော့ဘူး။ အခုပြန်ရင်ကို သွားနေစရာမရှိတော့ဘူး။ အဲဒါကြောင့် မရမချင်းအဆုံးထိ တိုက်ပွဲဝင်သွားမယ်’’ဟု မိကျောင်းကန်သပိတ် စခန်းမှ အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

မြေယာပြန်လည်ရရှိရန် မိကျောင်းကန်ပြည်သူများ သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုသည် မှာ ယနေ့တွင် ရက်ပေါင်း ၁၇၂ ရက်ပြည့်ပြီ ဖြစ်သည်။ ဆန္ဒပြတောင်းဆိုသူတစ်ဦးဖြစ်သူ( ၇၆) နှစ်အရွယ် ဒေါ်သောင်းညွန့်သည် လူကြီးရောဂါဖြင့် သြဂုတ် ၈ ရက်က ကွယ်လွန်သွားခဲ့သည်။သပိတ်စခန်းဖွင့်တောင်းဆိုရာ တွင် အသက် (၇၀)ကျော်အရွယ် အမျိုးသမီး အများစု ပါဝင်နေပြီး ဆန္ဒပြတောင်းဆိုသူ ၁၅၀ ဦးခန့် ရှိသည်။

7Day Daily

No comments:

Post a Comment

My Blog List