Monday, September 08, 2014

ကချင်စစ်ဘေးရှောင်များကို ရိက္ခာလျှော့ရန်စီစဉ်မှုအကူအညီပေးအဖွဲ့များမလိုလား



ကချင်ပြည်နယ်မှ စစ်ရှောင် ဒုက္ခသည်များကို ၂၀၁၅ခုနှစ်မှ စတင်၍ အကန့် အသတ်ဖြင့် ရိက္ခာထောက်ပံ့ ပေးမည့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ် (WFP)နှင့်အိုင်ယာလန်အခြေစိုက် နိုင်ငံတကာအကူ အညီပေးရေးအဖွဲ့ (Trocaire)တို့၏ အစီအစဉ်များကို ငြင်းဆန်ထားသည်ဟု ကချင်ဒေသခံ ကရုဏာမြန်မာလူမှုအဖွဲ့အစည်း KMSS ၏အရေးပေါ်တုံ့ပြန်မှုအစီ အစဉ် ညှိနှိုင်းရေးမှူး Ms Rose Marry ကပြောသည်။
အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)တို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သော ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ် အထိသုံးနှစ်အကျော်ကြာကာ လတွင် ဆန်နှင့်လိုအပ်သောရိက္ခာများကို WFP နှင့်Trocaire အဖွဲ့တို့က ကချင်ပြည်နယ်ရှိ KMSS နှင့် အဓိကပူးပေါင်း၍ ဒုက္ခသည်များကို ပံ့ပိုးကူညီနေ ခြင်ြး ဖစ်သည်။

ဒုက္ခသည်များကို ကူညီရာတွင် WFP မူများအရသုံးနှစ်ကျော်လွန်ပြီးပါက ဒုက္ခသည်များ၏ ပိုင်ဆိုင်မှုများကို ဆန်းစစ်၍ အတန်းစားသတ်မှတ်ကာရိက္ခာထောက်ပံ့ခြင်းကို နိုင်ငံတကာတွင် ပြုလုပ်လေ့ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ နိုင်ငံရေး တည်ငြိမ်မှုမရှိသေးခြင်းကြောင့် ယင်းမူကဲ့သို့လုပ်ဆောင်ရန် မည်သို့မှမဖြစ်နို င် ကြောင်း ငြင်းဆန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

WFP သည်ကချင်ပြည်နယ်တွင် ဒုက္ခသည် ၅၅,၀၀၀ ခန့်ကို ထောက်ပံ့မှုများပေးနေပြီး အခြေခံရိက္ခာအဖြစ် လူတစ်ဦးကို တစ်လလျှင် ဆန်ခြောက်ပြည်၊ ပဲတစ်ြ ပည်၊ ဆီတစ်ဘူး၊ ဆားတစ်ထုပ်နှင့် ဟင်းဖိုးအဖြစ် ငွေ ၆,၀၀၀ ကို သတ်မှတ်ပေး ထားသည်။

ရိက္ခာလျှော့ချမှုအစီအစဉ်မစတင်မီကလည်း WFP က ဒုက္ခသည်များကို ရိက္ခာပေးအစားကို ငွေကြေးပေးစနစ်အဖြစ်ပြောင်း လဲရန် ဇွန် ၄ရက် စတင်စဉ်ကလည်း ကချင်ဒေသခံအဖွဲ့အစည်းကိုးခုဖြင့် ဖွဲ့စည်းထား သော KMSS လည်းပါဝင်သည့် Joint Strategy Team က သဘောမတူကြောင်းငြင်းဆန်ခဲ့သေးသည်။

Joint Strategy Team သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အစိုးရနှင့် ကချင်လွတ် မြောက်ရေးအဖွဲ့တို့ ထိန်းချူပ်ရာ နယ်မြေများရှိ ဒုက္ခသည် စခန်းပေါင်း ၁၄၈ ခုကို အကူအညီပေးနေခြင်း ဖြစ်ကာသုံးနှစ်တာတိုက်ပွဲများကြောင့် ရွာပေါင်း ၂၂၅ ရွာ ပျက်စီးခဲ့ပြီး ဒုက္ခသည် ၁၀၀,၀၀၀ ခန့်အထိ ရှိနေြေ ကာင်းအဖွဲ့၏စာရင်းများက ဖော်ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List