Thursday, September 11, 2014

တယ်လီနောဆင်းမ်ကတ်များ ယခုရက်ပိုင်းအတွင်း ရောင်းချမည်


ကျပ် ၁၅ဝဝတန် တယ်လီနောဆင်းမ်ကတ်များ အများပြည်သူဝယ်ယူနိုင်ရန် ရက်ပိုင်းအတွင်း ရောင်းချပေး မည် ဖြစ်ကြောင်း အော်ပရေတာတစ်ခု ဖြစ်သည့် တယ်လီနော(မြန်မာ)မှ သိရသည်။ ကနဦးအနေဖြင့် ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် အစရှိသည့်မြို့ ကြီးများတွင် ဆင်းမ်ကတ်စတင်ဖြန့် ဖြူးရောင်းချမည်ဖြစ်ပြီး 2G, 3G ကွန်ရက်ဖြင့် ဖြန့်ကြက်သွားမည်ဖြစ်သည်ဟု သိရသည်။

တယ်လီနော(မြန်မာ)မှ ပြော ရေးဆိုခွင့်ရှိသူတစ်ဦးက ''ရောင်းပေးမယ့်ရက်အတိအကျကို တယ်လီနော ဘက်က မပြောလိုသေးပါဘူး။ ဒါပေမဲ့ ရက်ပိုင်းအတွင်းပဲ ကတ်တွေရောင်း တော့မှာပါ။ ကတ်ဝယ်ပြီးတာနဲ့ အသုံးပြုလို့ရအောင် ပြင်ဆင်ဆောင်ရွက်နေပါတယ်'' ဟု ပြောသည်။

တယ်လီနော(မြန်မာ)မှ 2G, 3G ကွန်ရက်ဖြင့် မည်သည့် ဟန်းဆက်အမျိုးအစားဖြင့်မဆို အသုံးပြု နိုင်မည်ဖြစ်ပြီး ဆမ်ဆောင်းနှင့် ပူး ပေါင်း၍ ဟန်းဆက်နှင့် ဆင်းမ်ကတ် ပါ ပူးတွဲရောင်းချရန် ပြင်ဆင်ထား သည်ဟုဆိုသည်။

ဆင်းမ်ကတ်များရောင်းချချိန်တွင် အရောင်းဆိုင်များမှ ဈေးနှုန်း မြှင့်၍ရောင်းချခြင်း မပြုနိုင်ရန် တယ် လီနောအနေဖြင့် စည်းမျဉ်းများထုတ် သွားမည်ဖြစ်ကာ ဈေးနှုန်းပိုမိုရောင်း ချပါက ဆင်းမ်ကတ်ဖြန့်ဖြူးခြင်းရပ် ဆိုင်းသည်အထိ အရေးယူသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဆင်းမ်ကတ်အပါအဝင် ဆက်သွယ်ရေးဆက်စပ်ပစ္စည်း များကို တယ်လီနော(မြန်မာ)နှင့် ချိတ်ဆက်ထားသည့် အရောင်းဆိုင် ပေါင်း ၂၅ဝဝဝ ခန့် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားပြီး မြို့ကြီးနှင့် ဒေသ အသီးသီးတွင် တယ်လီနောအမှတ် တံဆိပ်ဖြင့် ဆိုင်ပေါင်း ၂ဝဝနီးပါး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရ သည်။

''နောက်ပိုင်း ကွန်ရက်များများ ဖြန့်ကြက်နိုင်တဲ့အချိန်ကျရင် ဖုန်း ဆိုင်တွေမှာသာမက Point of Sale (POS) အရောင်းဆိုင်လိုနေရာတွေ မှာပါ ကတ်ရောင်းနိုင်ဖို့စီစဉ်ထားပါ တယ်''ဟု အဆိုပါပြောရေးဆိုခွင့်ရှိ သူက ထပ်မံပြောသည်။

ယင်းအော်ပရေတာမှရောင်းချ မည့် ဆင်းမ်ကတ်တွင် အင်တာနက် လိုင်း၊ ဗွီဒီယိုကောလ် အစရှိသည် တို့ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းဖုန်းအသုံးပြုမည့်သူ ဒေါ်သင်းညွန့်က ''အော်ရီဒူးတုန်းက လဲ ဝယ်သုံးဖြစ်တယ်။ ကတ်ဝယ်ပြီး ပြောလို့ဆိုလို့ မရတော့အဆင်မပြေ ဘူး။ ပြည်သူတွေကလိုအပ်တာ လိုင်း ကောင်းကောင်းသုံးဖို့ပါပဲ'' ဟု ပြော သည်။

တယ်လီနောမှ မြန်မာနိုင်ငံတွင် အော်ပရေတာလုပ်ငန်းလုပ်ကိုင် ခွင့်လိုင်စင်ကို ၂ဝ၁၄ ခုနှစ် ဖေဖော် ဝါရီ ၅ရက်က ရရှိခဲ့ခြင်းဖြစ်ပြီး လိုင်စင်ရပြီး ရှစ်လအကြာတွင် ဆင်းမ် ကတ်များ ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ခဲ့ သည်ဟု သိရသည်။

PPT
Yangon Media Group

#Democracytoday

No comments:

Post a Comment

My Blog List