Tuesday, September 09, 2014

တပ်မတော် ကျေးဇူးကြောင့်”ဟု သမ္မတ ကာကွယ်ပြော


ဥရောပနိုင်ငံများသို့ ရောက်ရှိနေသည့် သမ္မတဦးသိန်းစိန်က ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် သတင်းဌာန တစ်ခုနှင့် မေးမြန်းရာတွင် မြန်မာ့လွှတ်တော်တွင်တပ်မတော်သားများပါဝင်နေသည်ကို ကာကွယ်ပြောဆိုခဲ့ သည်။ တပ်မတော်နှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုရာ၌ အရှေ့အလယ်ပိုင်းဒေသ တွင် ဖြစ်ပေါ်နေေ သာမ တည်ငြိမ်မှုများကိုရည်ညွှန်းကာ အဆိုပါမတည်ငြိမ်မှုများ မြန်မာနိုင်ငံအတွင်း မဖြစ်ပေါ်ခဲ့သည်မှာ “တပ်မ တော်၏ကျေးဇူးကြောင့်”ဟု ထုတ်ဖော်ပြောဆို ခဲ့သည်။

ဆွစ်ဇာလန်အခြေစိုက်  Neue Zürcher Zeitung (NZZ) သတင်းဌာန၏ စက်တင်ဘာ ၈ ရက် ဖော်ပြမှု တွင် သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံမေးမြန်းမှုကို ဖော်ပြ ထား ပြီး တပ်မတော်သားများလွှတ်တော်တွင် ပါဝင် နေမှုကိုလျှော့ချမည်ဟု ဆိုခဲ့ပြီး ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဥပဒေနှင့်အညီ လုပ်ဆောင်မည်ဆိုပါက ဆန့်ကျင် ရန်မရှိဟုဆိုခဲ့သည်။

သမ္မတက အငြိမ်းစား ယူလိုပြီဟု NZZ သတင်းဌာနသို့ ထုတ်ဖော်ပြော ဆိုခဲ့ပြီး ဆင်းရဲတွင်းနက်သည့် နိုင်ငံတစ်ခု မှရုန်းထွက်လိုပြီး မျိုးဆက်သစ်များအတွက် ပိုကောင်းသည့်အနာဂတ်ကို အမွေပေးလိုသည်ဟု လည်း ဆိုခဲ့သည်။

အောက်ဖော်ပြပါ သတင်းဆောင်းပါးသည် NZZ သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဆွစ်ဇာလန် ဘာသာဖြင့်ဖော်ပြထားရာ ဆွစ်ဇာလန်အခြေစိုက်ဘာ သာပြန်အဖွဲ့အစည်းတစ်ခုဖြစ်သော www.swiss info.ch က အင်္ဂလိပ်ဘာ သာပြန်ဆိုဖော်ပြထားသည်ကို မြန်မာဘာသာသို့ ပြန်ဆိုဖော်ပြထားခြင်းဖြစ် သည်။

ဤသတင်းဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အပေါ် သမ္မတ၏ သဘောထား ကိုလည်း တွေ့မြင်ရသည်။မြန်မာနိုင်ငံတွင် ရာစုဝက်ခန့်စစ် တပ်က အုပ်ချုပ်ခဲ့ပြီးနောက်ပိုင်း ၂၀၁၁ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အရပ်သားသမ္မတဖြစ်လာခဲ့သူ အသက် ၆၉ နှစ်အရွယ် ဦးသိန်းစိန် ၏ ၁၀ ရက်ကြာ ဥရောပခရီးစဉ် အစိတ်အပိုင်းတစ်ရပ် အဖြစ် ဆွစ်ဇာလန်သို့ သောကြာနေ့ ကရောက်ရှိလာခဲ့သည်။ သူနှင့် ဆွစ်သမ္မတ ဒီဒီယာဘာ့က်ခဲလ်တာ (Didier Burkhalter) သည် အသွင်ကူးပြောင်း မှုအတွင်း ဆွစ်ဇာလန် ပါဝင်ကူညီနိုင် မှုအလားအလာနှင့် နှစ်နိုင်ငံ ဆက်ဆံရေး မြင့်တင်ရေးတို့ နှင့်ပတ်သက် ၍ ဆွေးနွေးခဲ့ကြ သည်။

“အကြီးကျယ်ဆုံး အောင်မြင်မှုကတော့၊ နှစ် ၆၀ နီးပါး ကြာမြင့်ခဲ့တဲ့ ပဋိပက္ခ အဆုံးသတ်သွားစေဖို့အတွက် တပ်ဖွဲ့အမျိုးမျိုးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက်တွေရရှိခဲ့တာပါ”ဟု ဦးသိန်းစိန်က NZZ  သတင်း ဌာနအားပြောကြားခဲ့ပြီး ယခင်ကအတိုက်အခံများအပါအ၀င်ဘက်အားလုံးပါဝင်နိုင်မည့် နိုင်ငံရေးလုပ်ငန်း စဉ်တစ်ရပ်ဖန်တီးရန် ကြိုးစားခဲ့ကြောင်းလည်း ရှင်းပြခဲ့သည်။

“အကြောင်းအမျိုးမျိုးနဲ့ အရင်ကအကျဉ်းချထားခြင်းခံခဲ့ရသူတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်တွေ ကျွန် တော်တို့ပေးခဲ့ပါတယ်။ အဲဒီကစပြီး သူတို့ထဲကတချို့ ဟာ နိုင်ငံရေးပါတီတွေတောင်ထောင် ခဲ့ကြပါတယ်” ဟုသူကဆိုခဲ့သည်။

သို့ရာတွင် အကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံခြား သားတစ်ဦးကို လက်ထပ်ခဲ့သည့်အတွက် သမ္မတ အရွေးခံခွင့်မရှိဘဲဖြစ်နေသည့် အခြေအနေကို ထောက် ပြခြင်းခံနေရသည်။

“အခြေခံအားဖြင့်တော့ သမ္မတအရွေးခံခွင့်ကနေ ဘယ်သူမှတားမြစ်ခြင်းမခံရ သင့်ဘူးလို့ ကျွန်တော်ယုံ ကြည်ပါတယ်” ဟု ဦးသိန်းစိန်ကဆိုသည်။

“ဒါပေမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကို (လွှတ်တော်နှင့် ပြည်သူ့ဆန္ဒခံယူပွဲတစ်ရပ်မှ တစ်ဆင့်) ဘယ်လိုစိစစ်ပြင် ဆင်ရမလဲဆိုတာ တိကျတဲ့ဥပဒေတွေရှိပါတယ်။ ကျွန်တော့်သဘောအရ ပြောရမယ်ဆိုရင်တော့၊ ဥပဒေ နဲ့အညီလုပ်ကြမယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကို ဆန့်ကျင်စရာ ဘာမှမရှိပါ ဘူး” ဟုလည်းသူကဆိုသည်။

အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတအရွေးခံခွင့်မရှိအောင်တားမြစ် ထားသော ပုဒ်မကို မဲခွဲဆုံးဖြတ် မည်ဆိုပါက သမ္မတကမည်ကဲ့သို့မဲပေးမည် ဖြစ်ကြောင်း မေးမြန်းခဲ့ပါသည်။“တစ်စုံတစ်ယောက် ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ဖွဲ့ရဲ့ အကျိုးစီးပွားထက်နိုင်ငံရဲ့အကျိုးစီးပွားကိုပဲ စဉ်းစားရမှာပါ။ ပြီးတော့ ခင်ဗျားဟာ အများစု ရဲ့ဆန္ဒကိုလည်းလေးစားရပါမယ်။ ကျွန်တော့်အနေနဲ့ အဲဒီအချက်တွေအားလုံးကို စဉ်းစားခဲ့မယ်ဆိုရင် ကျွန်တော်ဟာမှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုချနိုင်မှာပါ”ဟု သူက ဖြေဆိုခဲ့သည်။

စစ်တပ်၏ အခန်းကဏ္ဍမြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အငြင်းပွားဖွယ်ရာအခြားအပိုဒ်တစ်ခု ကလည်း လွှတ်တော်တွင် စစ်တပ်ကအလိုအလျောက် ၂၅ ရာခိုင်နှုန်း နေရာရအောင်အာမခံထားသည်။ ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ကြိုးပမ်းနေသောစနစ်တစ်ရပ်တွင် ထိုကဲ့သို့သောအချက်မျိုး အဘယ်ကြောင့် လိုအပ်ကြောင်း ဤသ တင်းစာက စိတ်ဝင်စားမိပါသည်။

ဆယ်စုနှစ်များစွာကြာမြင့်ခဲ့သော လက်နက်ကိုင်မှုများကိုရည်ညွှန်း၍ နိုင်ငံ၏စည်းလုံးညီညွတ်ရေးကို ထိန်း သိမ်းရန်တစ်ခုတည်းသောနည်းလမ်းမှာ တပ်မေ တ်ာဖြစ်ကြောင်း ဦးသိန်းစိန်က ပြောဆိုခဲ့သည်။

“ဒါကြောင့်မို့တပ်မတော်ဟာ နိုင်ငံရေးအခန်းကဏ္ဍတစ်ရပ်ကိုလည်း တာဝန်ယူရပါမယ်”ဟု သူကဆိုသည်။

“မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းမှုတစ်ရပ်ကို ဖြတ်သန်းနေကြောင်း တပ်မတော်ခေါင်းဆောင်ပိုင်းက ကောင်းကောင်းသတိပြုမိပါတယ်။ ခင်ဗျားသတိထား မိကောင်းထားမိမှာဖြစ်တဲ့အတိုင်း၊ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဟာ အာရပ်နွေဦးလှုပ်ရှားမှုနဲ့ တစ်ချိန်တည်းလိုလိုစခဲ့တာပါ။ ဒါပေမဲ့ အရှေ့ အလယ်ပိုင်းက နိုင်ငံတချို့ကသောင်းကနင်း ဖြစ်နေချိန်မှာ မြန်မာနိုင်ငံကတော့ တည်ငြိမ်နေပါတယ်။ အဲဒါ ဟာတပ်မတော်ရဲ့ ကျေးဇူးကြောင့်ပါ”ဟု သူကဆို သည်။

“ဒီမိုကရေစီအရှိန် တွင်ကျယ်လာလေလေ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍက အရေးပါမှုလျော့နည်းလာလေ လေဖြစ်လာမှာပါ”ဟု သူကဆိုသည်။

စိန်ခေါ်ချက်များသို့ရာတွင် လူဦးရေသန်းငါးဆယ်ရှိကာ လူမျိုးစုံလင်ထွေပြား သည့်မြန်မာနိုင်ငံတွင် တိုးတက် မှုများ ဖြစ်ထွန်း နေသော်လည်း တစ်ပြည်လုံးအ တိုင်းအတာ အပစ်အခတ်ရပ်စဲရေးသဘော တူညီချက် ပေါ်ထွက်ရေးမှာ ဆောင်ရွက်နေကြဆဲပင် ရှိသေးသည်။

တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ရရှိရေးမှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ အစိုးရမြင်တွေ့လိုသော အရာတစ် ခုဖြစ်သည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ပထမအဆင့်ကတော့ လက်နက်ရောင်းဝယ်တာတွေ ရပ်တန့်ရေးပဲဖြစ်ပါ တယ်။ အဲဒါကိုကျွန်တော်တို့ ရရှိလုနီးပါးဖြစ်လာပါပြီ။ ဒါပေမဲ့ (မြန်မာနိုင်ငံမှာ) လက်နက်ကိုင်ပုန်ကန်မှု ဟာ ကမ္ဘာပေါ်ကပဋိပက္ခအများအပြားထက် ပိုပြီးရှည်လျားတဲ့ သမိုင်းကြောင်းရှိတာကိုခင်ဗျား သတိပြုရပါ မယ်။ ဒါကြောင့်မို့ကျွန်တော်တို့ဟာ သည်းခံမှုနဲ့ မဆုတ်မနစ်ကြိုးစားမှုရှိဖို့ လိုအပ်ပါတယ်” ဟုလည်း သူက ဆိုသည်။

အနာဂတ်ကို မျှော်မှန်းပြောဆိုရာတွင် ဦးသိန်းစိန်က မြန်မာနိုင်ငံကိုတည်ငြိမ် ငြိမ်းချမ်းသောနိုင်ငံတစ်ခုအ သွင်သို့ ပြောင်းလဲရေးအပါအ၀င် အဓိကစိန်ခေါ်မှု များစွာ ရှေ့တွင်စောင့်ကြိုနေကြောင်း ဆိုခဲ့သည်။ တည် ငြိမ်ငြိမ်းချမ်းသော နိုင်ငံတစ်ခု အသွင်သို့ပြောင်းနိုင်ရန် တစ်ပြည်လုံးအတိုင်းအ တာအပစ်အခတ်ရပ် စဲရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုလိုအပ်လိမ့်မည်ဖြစ်ကြောင်းလည်း သူက ဆိုခဲ့သည်။

“နှစ် ၂၀ ကြာ ပိတ်ဆို့အရေးယူမှုတွေကြောင့် ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှုအ နည်းဆုံး နိုင်ငံတွေထဲကတစ်ခု ကျွန်တော်တို့ဆက်ပြီး မဖြစ်ချင်တော့ပါဘူး။ ကျွန်တော်တို့ရဲ့မျိုးဆက်သစ် တွေကို ပိုကောင်းတဲ့အနာဂတ်တစ်ရပ် ကျွန်တော်တို့ပေးနိုင်ချင်ပါတယ်”ဟု သူကဆိုသည်။

သူ၏ နောက်ထပ်ရည်မှန်းချက်တစ်ခုမှာ နောက်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲမျှတလွတ်လပ်ရေးပင် ဖြစ်ကြောင်းလည်း ဆိုခဲ့သည်။ သို့ရာတွင်အကယ် ၍ ဒေါ်အောင်ဆန်းစုကြည်သာ ၀င်အရွေးခံခွင့်ရမည်ဆို ပါက သူအနိုင်ရလိမ့်မည်ဖြစ်ကြောင်း အများကယုံကြည်ထားကြရာ“သူသာ ၀င်အရွေးခံခွင့်မရှိပါက” မျှတ လွတ်လပ်သော ရွေးကောက်ပွဲဘယ်လိုလုပ်ပြီး ဖြစ်လာမည်နည်း။

“နိုင်ငံရေးမှာလူတိုင်းဟာ သူတို့နိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်”ဟု သူက ပြန်ဖြေသည်။“ရွေးကောက် ပွဲမှာပါဝင်လိုတဲ့ ပါတီ ၆၅ ခု ရှိပြီးသားဖြစ်ပါတယ်။   နောက်ထပ်ပါတီတွေလည်း ပါဝင်ကောင်းပါဝင်လာကြ မှာပါ။ 

အခြေခံအားဖြင့်တော့ ဆုံးဖြတ်သွားကြမယ့်သူတွေက မဲဆန္ဒရှင်တွေပဲဖြစ် ပါတယ်။ အခုတော့ ကျွန် တော်ဘယ်လို မဲပေးလိမ့်မလဲဆိုတာကို ခင်ဗျားက ကျွန်တော့်ကို မေးကောင်းမေးပါလိမ့်မယ်”ဟု သူကဆို သည်။

တကယ်တမ်းတွင်မူသူသည် သမ္မတသက်တမ်း နောက်တစ်ကြိမ်ထပ်၍ အရွေးခံ၊ မခံကိုသာ NZZ  က ပို၍ သိလိုပါသည်။“ရိုးရိုးသားသားပြောရရင် ကျွန်တော် အငြိမ်းစားယူချင်တာပါ။ ဒါပေမဲ့ နိုင်ငံနဲ့ ပြည်သူတွေ အတွက် ဘာကအကောင်းဆုံးဖြစ်မလဲဆိုတာကို ခင်ဗျားတွေးရမှာပါ”ဟု သူက ဆိုခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List