Thursday, September 11, 2014

အကြမ်းဖက်အဖွဲ့၏ စစ်ကြေညာမှုခံထားရချိန်တွင် အမေရိကန်၏ ဥပဒေကြမ်းတင်သွင်းမှုသည် လုံခြုံရေးအားနည်းစေရန် အချိန်ကိုက်လုပ်ဆောင်ခြင်းဖြစ်ဟု စွပ်စွဲ



မြန်မာနိုင်ငံအား အမေ ရိကန်က လုံခြုံရေးအကူအညီများကို ကန့်သတ်ရန် ဥပဒေကြမ်း တင်သွင်းသည့်လုပ်ရပ်မှာ အစွန်း ရောက် အကြမ်းဖက်အဖွဲ့၏ စစ် ကြေညာမှုကို ခံထားရသည့် မြန် မာနိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ် ရေးအားနည်းစေ ရန်နှင့် မြန်မာ နိုင်ငံကို သင်းကွဲအထီးကျန်ဖြစ်စေ ပြီး အကြမ်းဖက်အဖွဲ့များ အောင် ပွဲခံနိုင်ရန် အမေရိကန်အစိုးရက အချိန်ကိုက်လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိသူက ပြော ကြားလိုက်သည်။
အယ်လ်ကိုင်ဒါအဖွဲ့က ဂျီ ဟတ်ပစ်မှတ်အဖြစ် တရားဝင် ကြေညာထားခြင်းခံရသည့် မြန် မာကို လုံခြုံရေးအကူအညီ ကန့် သတ်ရန် အမေရိကန်အောက် လွှတ်တော်အမတ်များက အချိန် ကိုက်လုပ်ဆောင်လာခြင်းကို မြန်မာအစိုးရအနေဖြင့် အံ့သြစိတ် ပျက်မိကြောင်း သမ္မတရုံးမှ အကြီးတန်းအရာရှိက ပြောကြားသည်။

မြန်မာတွင် ပြုပြင်ပြောင်းလဲ မှုများ လုပ်ဆောင်နေသော်လည်း နောက်ကြောင်းပြန်လှည့်မှုများ တွေ့မြင်နေရ၍ အာရှပစိဖိတ် နိုင်ငံခြားရေးဆပ်ကော်မတီဥက္ကဋ္ဌ ချာဘာ့နှင့် ဒီမိုကရက်တစ်ပါတီမှ အောက်လွှတ်တော်အမတ် ဂျိုးဇက်ခရော်လေတို့က မြန်မာကို လုံခြုံရေးအကူအညီများ ကန့် သတ်သည့် ၂၀၁၄ မြန်မာ့လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက် ဥပဒေကြမ်းကို အောက်လွှတ်တော်သို့ စက်တင်ဘာ ၉ ရက်က တင်သွင်းလိုက်ခြင်းဖြစ်သည်။

လာမည့် ဒီဇင်ဘာတွင် အ မေရိကန် ပြည်ထောင်စုက လွှတ် တော်ရွေးကောက်ပွဲများ ပြန်လည်ကျင်းပမည်ဖြစ်ရာ လက်ရှိအိုင်အက်စ်အကြမ်းဖက်အဖွဲ့နှင့် ပတ် သက်၍ အိုဘားမား၏ဒီမိုကရက်တစ်အစိုးရအပေါ် ပြစ်တင်ဝေဖန်နေချိန်၊ မြန်မာတွင် အမေရိကန်မူဝါဒ မအောင်မြင်ကြောင်း ရီပက်ဘလေကန်အများစုကြီးစိုးသည့် အောက်လွှတ်တော်အမတ်များက ပုံဖော်နေချိန်တွင် အမေရိကန်ပါတီနှစ်ရပ်ကြား မြန်မာက ဓားစာခံဖြစ်ရသည်ဟု ၎င်းကပြော ကြားသည်။

မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုစောင့်ကြည့် ထောက်လှမ်းရေးနှင့် သတင်းအချက်အလက်ဖလှယ်ရေး တွင် အ မေရိကန်အပါအ၀င် အကြမ်းဖက် တိုက်ဖျက်ရေး နိုင်ငံများ ပါဝင်နေ သည့် Early Warning System တွင် ပူးပေါင်းပါဝင်နေသည်။

ယခု အမေရိကန်အောက် လွှတ်တော်က တင်သွင်းသော ဥပဒေကြမ်း အတည်ပြုပါက မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်အ ဖွဲ့အစည်းများ၏လှုပ်ရှားမှု၊ ထူးခြားမှုတို့ကို အမေရိကန်ထောက် လှမ်းရေးအဖွဲ့များထံမှ ရရှိတော့ မည် မဟုတ်ပေ။

ယခုလဆန်းပိုင်းက အယ်လ် ကိုင်ဒါအကြမ်းဖက် အဖွဲ့ခေါင်း ဆောင်က မြန်မာတွင် ဂျီဟတ်စစ် ပွဲ ဆင်နွှဲမည်ဖြစ်ကြောင်း ကမ္ဘာ ကို ကြေညာထားပြီးဖြစ်သည်။

အမေရိကန်ထံမှ သတင်းအ ချက်အလက်များ မရရှိခဲ့ပါက မြန်မာ့တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့ များ၊ အခြားသောနိုင်ငံတကာ မိတ်ဆွေများနှင့် ပြည်သူများရှိပြီး ယင်းအင်အားများကိုသုံး၍ ကြိုတင် ထောက်လှမ်းမှု၊ တားဆီးကာကွယ်မှုနှင့် ခုခံကာကွယ် မှုများ အဆင့်ဆင့်ကို အစွမ်းကုန်လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောကြားသည်။

‘‘အခုလို အမေရိကန်ပြည် ထောင်စုက လုံခြုံရေးအဆက်အ သွယ်တွေ ပိတ်ဆို့အောင် လုပ် လိုက်တာဟာ မြန်မာပြည်သူ အားလုံးကို အကြမ်းဖက်ခြိမ်းခြောက် မှုအောက်မှာ စိုးရိမ်ပူပန်စေအောင် အချိန်ကိုက်လုပ်တာဖြစ်တယ်။ သူတို့ဒီလိုလုပ်လို့ စိုးရိမ်ပူပန်မှု တော့ မရှိပါဘူး။ ကျွန်တော်တို့ မြေကို အကြမ်းဖက်သမား ခြေမ ချနိုင်အောင် ကျွန်တော်တို့ တပ်မ တော် အရင်းအမြစ်အားလုံး၊ လုံ ခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စွမ်းအင် အားလုံးသုံးပြီး ကာကွယ်မှာဖြစ် ပါတယ်’’ ဟု ၎င်းက ပြောသည်။

အမေရိကန် ကွန်ဂရက် သည် မြန်မာနိုင်ငံ၏ လူ့အခွင့်အ ရေးနှင့် အကြမ်းဖက်ဖြစ်စဉ်များ နှင့် ပတ်သက်၍ အပြစ်ပေးရန် ဖိအားပေးပြောဆိုလေ့ရှိပြီး မြန်မာနှင့် တပ်မတော်ချင်း ထိတွေ့ ဆက်ဆံရန် ကြိုးစားနေသည့် အိုဘားမား၏ ဒီမိုကရက်တစ် အစိုးရ အပေါ် အစဉ် ဝေဖန်ပြောကြား လေ့ရှိသည်။

7 Day Daily

No comments:

Post a Comment

My Blog List