Friday, September 12, 2014

၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီမှာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ပြီး တစ်ဦးချင်း ဂျီဒီပီပမာဏမှာ ဒေါ်လာ ၅၀၀၀ နီးပါးရှိလာနိုင်ဟု ADB သုံးသပ်


၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီမှာ ၉ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးတက် လာနိုင်ပြီး ထိုပမာဏဖွံ့ဖြိုး မှုသည် တစ်ဦးချင်း ဂျီဒီပီကို လက်ရှိ ဒေါ်လာ ၉ဝဝ မှ ဒေါ်လာ ၅ဝဝဝ နီးပါးအထိ တွန်းတင်ပေးနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB က သုံးသပ်ထားသည်။


“မြန်မာနိုင်ငံက တိုးတက်မှုနှုန်းကို ကိုးရာခိုင်နှုန်း၊ ၁ဝ ရာခိုင်နှုန်းလောက် ထိန်း ထားနိုင်မယ်ဆိုရင် ၂ဝ၃ဝ ပြည့်နှစ်မှာ တစ်ဦးချင်း ဂျီဒီပီ ဒေါ်လာ ၅ဝဝဝ အထိ တိုးတက်လာနိုင်ပါတယ်”ဟု ADB မှ Assistant Chief Economist  မစ္စစင်ယောင်ပက်က ပြောကြားသည်။

ထိုသို့ တိုးတက်စေရန် မြန်မာနိုင်ငံအနေ နှင့် ဆန်စပါးထုတ်လုပ်မှု၊ စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်မှု၊ အခြေခံအဆောက်အအုံများ၊ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများက မောင်းနှင်နိုင်ရန် လိုအပ်သည်ဟု ဆိုသည်။

အားလုံးပါဝင်နိုင်ပြီး လျင်မြန်ရေရှည်တည်တံ့သော စီးပွားရေးဖြစ်စေရန် နိုင်ငံအနေနှင့် စီးပွားရေးလုပ်ကိုင် ရန် လွယ်ကူသောဝန်းကျင်ကို ဖန်တီးပေးရန် လိုအပ်သည်ဟု သိရသည်။

နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကဗျူဟာများတွင် အုပ်ချုပ်မှုနှင့် အစိုးရကဏ္ဍကို ပြု ပြင်ပြောင်းလဲမှု အရှိန်မြှင့်တင် ရန်၊ အလုံးစုံသော စီးပွားရေးနှင့်ဘဏ္ဍာရေး တည်ငြိမ်မှုကို ခိုင်မာအာင်လုပ်ရန်၊ စီးပွားရေးလုပ်သာ ကိုင်သာ ရှိသော ဝန်းကျင်ကို ဖန်တီးရန်၊ ကြွယ်ဝသော သဘာဝသယံဇာတများကို အားအဖြစ် ထိရောက်စွာအသုံးပြု ရန်၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဲ့သို့ နိုင်ငံတကာတွင် ပြိုင်ဆိုင်ရသောကဏ္ဍများအား အားပေးပျိုး ထောင်ရန်၊ ဒေသတွင်း ချိတ်ဆက်မှုနှင့် ပေါင်းစည်းမှု ပိုမိုကောင်းမွန်ရန်၊ လူသားအရင်းအမြစ်တိုးတက်ရေး နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ရေရှည်ခိုင်မြဲတည်တံ့သော တိုးတက်မှုရရှိရန်တို့ လိုအပ်သည်ဟု ADB ၏ Myanmar: Unlocaking the Potential  အစီရင်ခံစာတွင် ထောက်ပြထားသည်။

“အဓိကသုံးချက်ကတော့ နိုင်ငံဟာတည်ငြိမ်မှုကို ထိန်းသိမ်းရမယ်။ အနာဂတ် အတွက် ရင်းနှီးမြှုပ်နှံရမယ်။ တတိယအချက်ကတော့ နိုင်ငံဟာပွင့်လင်းပြီး ချိတ်ဆက်မိစေရမယ်” ဟု မစ္စစင်ယောင်ပက်က အကြံပြု သည်။

ADB သည် အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်ပြီး ဆင်းရဲမွဲတေမှုလျော့ ကျစေရန် လုပ်ဆောင်လျက် ရှိသော အဖွဲ့အစည်းဖြစ်သည်။ ၎င်းတို့သည် မြန်မာနိုင်ငံမှ နှစ် ၂ဝ ကြာ ထွက်ခွာခဲ့ရာမှ ၂ဝ၁၂ ခုနှစ်တွင် ပြန်လည်ဝင်ရောက် ခဲ့ခြင်း ဖြစ်သည်။

ADB  ကို ၁၉၆၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင် ၆၇ နိုင်ငံမှ ပိုင်ဆိုင်ပြီး ဒေသတွင်းမှ ၄၈ နိုင်ငံ ပါဝင်လျက်ရှိသည်။       


Eleven Media Group

No comments:

Post a Comment

My Blog List