မြန်မာ-ဆွစ်ဇာလန်နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အဆင့်မှစကာ သမ္မတအဆင့်အထိ နှစ်နိုင်ငံ အလှည့်ကျပုံမှန်အစည်းအဝေးများပြုလုပ်သွားရန် သဘော တူညီမှုရရှိခဲ့ ကြောင်း သိရသည်။
စက်တင်ဘာ ၅ ရက်တွင် ပြု လုပ်သော နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန် သမ္မတဦးသိန်းစိန်နှင့် ဆွစ်ဇာလန် သမ္မတ Burkhalter တို့ ဆွစ်ဇာလန်နိုင်ငံ၌ တွေ့ ဆုံဆွေးနွေးစဉ် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။
''လွန်ခဲ့တဲ့နှစ်နှစ်ကစပြီး မြန် မာနိုင်ငံရဲ့ နိုင်ငံရေးပွင့်လင်းလာမှုကြောင့် အထောက်အပံ့တွေပေးခဲ့တယ်။ ခုတစ်လှည့် ပြန်တွေ့ရတဲ့ အချိန်မှာ ပြုပြင်ပြောင်းလဲမှု တွေက ပိုသေချာလာတဲ့အတွက် ခုလိုနှစ် နိုင်ငံ ပုံမှန်တွေ့ဆုံဖို့တောင်းဆိုရတာပါ'' ဟု ဆွစ်ဇာလန်နိုင်ငံသမ္မတ Burkhalter က အဆိုပါတွေ့ဆုံဆွေးနွေးပွဲ တွင် ပြောကြား ခဲ့သည်။
လက်ရှိ တွေ့ဆုံပွဲအပြီးမှစတင် ကာ နိုင်ငံရေးပွင့်လင်းမြင်သာမှုရှိစေရန်၊ စီးပွားရေးပူးပေါင်းလုပ်ကိုင်ရန် အတွက် နှစ်နှစ်ငံနိုင်ငံခြားရေးဝန်ကြီးအဆင့်မှ သမ္မတ အဆင့်အထိ တစ်လှည့်စီ ပုံမှန်ပြုလုပ်ရန် သဘော တူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး ပထမဆုံး အကြိမ်စတင်တွေ့ဆုံမည့်နေ့ရက်ကိုမူ အ ဆိုပါဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းမရှိပေ။
''သမ္မတကြီးပြောတဲ့အတိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဆင့်ကနေ ပုံမှန်တွေ့ဆုံပွဲတွေလုပ်ဖို့ သဘော တူပါတယ်''ဟု ဆွစ်ဇာလန်သမ္မတ၏ ဖိတ်ကြား ချက်ကို သမ္မတဦးသိန်းစိန်က သဘောတူ လက်ခံခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ဆွစ် ဇာလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ရင်ဆိုင် ဖြေရှင်းနေရသော ပြည်တွင်းငြိမ်း ချမ်းရေး၊ ရခိုင်အရေးအား ကူညီဖြေရှင်းပေးရန်နှင့် မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင်ပွင့် လင်းမြင် သာမှုရှိစေရန် အကူအညီများပေး အပ်သွားမည်ဖြစ်ကြောင်း ကတိပေးပြော ကြားခဲ့သည်။
စက်တင်ဘာ ၅ ရက်တွင် တွေ့ ဆုံခဲ့သော နှစ်နိုင်ငံသမ္မတနှစ်ဦး၏တွေ့ ဆုံမှုမှာ ဒုတိယအကြိမ်မြောက်ဖြစ် ကာ လွန် ခဲ့သော ၂ဝ၁၂ ခုနှစ်အတွင်းတွင်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအား လေ့လာရန် ဆွစ်ဇာလန် သမ္မတ Burkhalter အနေဖြင့် မြန်မာနိုင်ငံသို့လာ ရောက်ခဲ့ကာ အဆိုပါနှစ် အတွင်း၌ပင် မြန် မာနိုင်ငံအား ပိတ်ပင်တားဆီးထားမှုများကို ဖြေလျှော့ပေးခဲ့သည်။
ဆွစ်ဇာလန်နှင့် မြန်မာနိုင်ငံမှာ ၁၉၅၇ ခုနှစ်မှစတင်ကာ သံတမန်အဆက် အသွယ်များရှိခဲ့ပြီး အနောက်နိုင်ငံ များအနက် မြန်မာနိုင်ငံသို့ ပထမဆုံး သံတမန် အခြေစိုက်သံရုံး ဖွင့်လှစ်ခဲ့သောနိုင်ငံတစ်ခုလည်း ဖြစ်သည်။
#TheFlowerNews
Yangon Media Group
No comments:
Post a Comment