Tuesday, September 09, 2014

နိုင်ငံတော်သမ္မတဦးသိန်းစိန် မုန်တိုင်းဒီရေကို ဟန့်တားပေးသည့် နယ်သာလန် နိုင်ငံ၊ သည်ဟေ့ဂ်မြို့အနီးရှိ ကမ္ဘာ့အကြီးဆုံးရွေ့လျားရေထိန်းတံခါးကြီး Maeslandtkering သို့ သွားရောက်လေ့လာ


နယ်သာလန်နိုင်ငံသို့ရောက်ရှိနေသော နိုင်ငံ တော်သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ ၈ရက် နံနက်ပိုင်း က သည် ဟေ့ဂ်မြို့အနီးရှိ မုန်တိုင်းဒီရေကို ဟန့်တားပေးသည့် ကမ္ဘာ့အကြီးဆုံး ရွေ့လျားရေထိန်းတံခါးကြီး Maeslandtkering ကို သွားရောက်လေ့လာကြည့်ရှုသည်။

၁၉၉၁ခုနှစ်တွင် တည်ဆောက် မှုလုပ်ငန်း စတင်ခဲ့ပြီး ၁၉၉၇ခုနှစ် မေ ၁ဝရက်တွင် စတင်အသုံးပြုခဲ့ သည့် ရေထိန်းတံခါးကြီးဖြစ်သည်။

မုန်တိုင်းကြောင့်ဖြစ်သော ရေကြီး၊ ရေလျှံခြင်းများကို ကာကွယ်ရန် တည် ဆောက်ထားသော ကမ္ဘာ့အကြီး ဆုံး ရွေ့လျားနိုင်သည့် မုန်တိုင်းဒီရေတား ရေထိန်းတံခါးကြီးဖြစ်သည်။ ပုံမှန် အချိန်တွင် ပေ ၇ဝဝစီရှည် လျားသော မျဉ်းကွေးသဏ္ဌာန် တံခါးနှစ်ချပ်သည် မြစ်ကမ်း ဝဲယာတွင်ရှိနေပြီး မုန်တိုင်း ဒီရေတက်လာ သည်နှင့် ထိုရေထိန်း တံခါးနှစ်ချပ်သည် အလိုအလျောက် မြစ်ထဲသို့ ဆုံလည်များကိုဗဟိုပြုကာ လည်ဆင်း သွားသည်။ နယ်သာလန် နိုင်ငံတွင် ပြင်းထန်သောမုန်တိုင်းများ တိုက်ခတ်လေ့ရှိရာ မုန်တိုင်းကြောင့် မြစ်ပတ်ဝန်းကျင်ဒေသများ မုန်တိုင်း ဒီရေတက်ခြင်း(မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းကြောင့် မြစ်ဝကျွန်း ပေါ် တစ်လျှောက် မုန်တိုင်းဒီရေတက် ခံရသလို) များကိုရေထိန်းတံတား ဖြင့် ဟန့်တားပေးခြင်းဖြစ်သည်။

ထိုရေထိန်းတံခါးကြီးသည် နယူးရေလမ်းကြောင်း (နယူးတူးမြောင်း) နှင့် Scheur မြစ်အကြား တည် ဆောက်ထားသည်။ မုန်တိုင်းဒီရေ သုံးပေနှင့်အထက် တက်မည်ဟု ခန့် မှန်းထားသည်နှင့် အလိုအလျောက် ပိတ်သွားအောင် ကွန်ပျူတာထိန်း ချုပ်စနစ် တပ်ဆင်ပေးထားသည်။ တံခါးမပိတ်ခင် လေးနာရီကြိုတင် ပြီး ရေကြောင်းသွားလာနေမှုများကို သတိပေးသည်။

အဆိုပါရေထိန်းတံခါးကြီးသည် မုန်တိုင်းကြောင့် မြင့်တက်လာသော ပယ်လယ်ဒီရေကို အလိုအလျောက် ဖွင့်ပိတ်ပေးနိုင်သော ရေထိန်းတံခါး ကြီးနှစ်ချပ်ဖြင့် ဟန့်တားပေးရာ မြန်မာ နိုင်ငံတွင် မြစ်ဝကျွန်းပေါ်ဒေသ တွင် နာဂစ်မုန်တိုင်းဒီရေကြောင့် အသက် အိုးအိမ်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေ ရေးအတွက် အသုံးပြုနိုင်သော စိတ်ဝင်စားဖွယ်ရာနည်းပညာတစ် ခုဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင် တစ်ဦးက သုံးသပ်ပြောသည်။

''နယ်သာလန်နိုင်ငံကတော့ ကမ္ဘာမှာ ရေကိုထိန်းချုပ်တဲ့နေရာမှာ အကောင်းဆုံးနိုင်ငံတစ်ခုပါ။ မြန်မာ နိုင်ငံမှာလဲ ဒီလို ရေကိုထိန်းချုပ်ဖို့ နေရာတွေ ရှာမယ်ဆိုရင် ရှိနိုင်ပါ တယ်'' ဟု ရေအရင်းအမြစ်ဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ခင်မောင် လွင်က ပြောသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် Mauritshuis ပြ တိုက်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး အဆိုပါပြတိုက်တွင် လေ့လာမှုများ ပြုလုပ်ခဲ့သည်။မော်ရစ်ရှုရစ်ပြတိုက်သည် နယ် သာလန်နိုင်ငံ၏ ထိပ်တန်းယဉ်ကျေး မှုအမွေအနှစ်နေရာတစ်နေရာဖြစ် သည်။ သည်ဟေ့ဂ်မြို့တွင် တည် ရှိသည်။ 

၁၇ရာစုအဆောက်အအုံ တစ်ခုဖြစ်ပြီး မြို့စားကြီး ဂျွန်မော ရစ်၏ စံအိမ်တော်ဖြစ်ခဲ့သည်။ ပြ တိုက်တွင် ဒတ်ခ်ျရွှေရောင်ခေတ် လက်ရာ ပန်းချီဆရာအကျော်အ မော်များ၏ တော်ဝင်ပန်းချီလက်ရာ ပေါင်း ၈ဝဝကျော်ကို ပြသထားသည်။ ယခုအခါတွင်မူ ပြတိုက်မှာ နယ်သာ လန်အစိုးရပိုင် ပြတိုက်ဖြစ်သည်။

ပြတိုက်ကို ပြန်လည်မွမ်းမံရန် ၂ဝ၁၃ခုနှစ်တွင် ပိတ်ထားခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဇွန် ၂၇တွင် ပြန်လည်ဖွင့်လှစ် ခဲ့သည်။ ပြုပြင်မွမ်းမံမှု မပြုခင်က တစ်နှစ်လျှင် ဧည့်သည်နှစ်သိန်းခွဲခန့် လာရောက်လေ့လာကြသည်။

Deomcracytoday
Yangon Media Group

No comments:

Post a Comment

My Blog List