Monday, September 08, 2014

အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ သမ္မတကြီးထံ အကြံပေးစာပို့


မှော်ဘီနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကျောင်းသားများမှ လွှတ်တော်၍ အတည်ပြု ပြီးဖြစ်သော်လည်း သမ္မတမှ မှတ်ချက် ၂၅ ချက်ဖြင့် ပြန်လည်ပေးပို့ထားသော အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ အကြံပေးစာပို့ခဲ့ကြောင်းသိရသည်။

ဥပဒေပါ ပုဒ်မများတွင် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေသော ပုဒ်မများကို ပယ်ဖျက်သင့်ကြောင်းနှင့် ဗဟိုမှ ချုပ်ကိုင်မှုများသောပုဒ်မများအား ဖြေလျော့ပြီး ပညာရေးကော်မရှင်ကို ပညာရေးဝန်ကြီးဌာန၏ လွှမ်းမိုးမှုမှ ကင်းလွှတ်သော လွတ်လပ်သောအဖွဲ့အစည်းအဖြစ်ဖွဲ့စည်းရန် အကြံပြုချက်များပါဝင်ကြောင်း သမ္မတထံ အိပ်ဖွင့်ပေးစာအရသိရသည်။

“ပညာရေးကော်မရှင်ဖွဲ့စည်းမယ်ဆိုရင် ဘယ်သူတွေက ဖွဲ့စည်းမှာလဲ။ ဘယ်သူက ဖွဲ့စည်းမှာလဲ။ ဘယ်သူတွေပါမှာလဲ။ကျွန်တော်တို့ပြောတာက ပညာရေးကော်မရှင်ကို ဖျက်သိမ်းဖို့ပြောတာမဟုတ်ပါဘူး။ ဖွဲ့စည်းမှ ဖြစ်မယ်ဆိုရင် ဒီမိုကရေစီနည်းကျဖွဲ့စည်းပြီးတော့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်” ဟု မှော်ဘီ နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အတွင်းရေးမှုး ကိုသြသျှန်ခက ပြောသည်။

အမျိုးသားပညာရေး ဥပဒေကို လွှတ်တော်က အတည်ပြုပြီးသော်လည်း ကျောင်းသားအများစုမှာ ထိုဥပဒေ ကို ဘာလဲဟုပင် သိသူများမရှိဖြစ်နေပြီးကျောင်းသားသမဂ္ဂ အတည်ပြုရေးလည်း ဥပဒေတွင် မပါဝင်ကြောင်း သိရသည်။

“ကျောင်းသားတော်တော်များများက ကျောင်းသားသမဂ္ဂဆိုရင်ကြောက်တယ်။ ဆန္ဒပြမယ် သပိတ်မှောက် မယ်ဆိုတာပဲ မြင်နေကြတာ။အဲတော့ ကျွန်တော်တို့က မဟုတ်ဘူး။ ငါတို့က အဲလိုမဟုတ်ဘူး။ တကယ် အရေးကြုံမှ၊ တကယ်ထွက်သင့်မှ ထွက်မယ်။ အတတ်နိုင်ဆုံးတော့လူကြီးတွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်တဲ့ အဖွဲ့အစည်းပုံစံကို ကျွန်တော်တို့က ပြချင်တာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို အကြံပြုစာအား စက်တာဘာ ၆ ရက်နေ့လိပ်မူပြီး သမ္မတဆီပို့ခြင်းဖြစ်ပြီး ထူးခြားချက်တစ်စုံတစ်ရာမရှိ ပါက လွှတ်တော်အမတ်တစ်ချို့အကူအညီနှင့် ကျောင်းသားများ၏ ဆန္ဒကို လွှတ်တော်အထိရောက်အောင် ကြိုးစားသွားမည်ဟု သိရသည်။

The Myanmar Age

No comments:

Post a Comment

My Blog List