Friday, September 12, 2014

ထိုင်းအာဏာသိမ်းခေါင်းဆောင် မြန်မာပြည်လာမည်



ထိုင်းအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာရွတ် မြန်မာပြည်ကို အလည်အပတ် လာရောက်မယ်လို့ ထိုင်းအရာရှိတွေ ကို ကိုးကားပြီး သတင်းအေဂျင်စီတွေက သောကြာနေ့မှာ ရေးကြပါတယ်။ ဒီလကုန်ပိုင်း သို့မဟုတ် လာမယ့်လဆန်းပိုင်း ဖြစ်လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေး ဒုဝန်ကြီးက ပြောကြောင်း AFP သတင်းတပုဒ်မှာ ရေးပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ဝန်ကြီးချုပ်တာဝန်ယူပြီး သူ့ရဲ့ ပထမဆုံးသော ပြည်ပ ခရီးစဉ်အဖြစ် မြန်မာကို ရွေးချယ်ခဲ့ ရခြင်းကတော့ မြန်မာဟာ အာဆီယံဥက္ကဋ္ဌတာဝန် ယူထားတဲ့အတွက်ပါလို့ ဆိုတယ်။ ဒါပြီးရင် မလေးကို သွားပါမယ် တဲ့။

ထိုင်းဗိုလ်ချုပ်တွေက မေလမှာ အာဏာသိမ်းပါတယ်။



သိပ်မကြာသေးခင်ကပဲ အစိုးရအဖွဲ့ ဖွဲ့ပြီး အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာရွတ်က ဝန်ကြီးချုပ်အဖြစ် ပြိုင်ဘက် မရှိ အရွေးခံရတာ ဖြစ်ပါတယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List