Monday, September 08, 2014

တိဘက်တန် ဘာသာရေးခေါင်းဆောင်အနေနဲ့ အရိုက်အရာ ဆက်ခံမယ့်သူ ထပ်မလိုအပ်တော့ဘူးလို့ Dalai Lama ပြောဆို


Dalai Lama က သူဟာသူ့ Himalaya ဌာနေပြည်က ရာစုနှစ်ပေါင်းများစွာရှိခဲ့တဲ့ ဘာသာရေး ဓလေ့ထုံး တမ်း စဉ်လာတစ်ခုကို အဆုံးသတ်စေတဲ့ နောက်ဆုံး တိဘက်တန်ဘာသာရေးခေါင်းဆောင်ဖြစ်သင့်တယ် လို့ ဂျာမန်သတင်းစာ တစ်ခုကို ပြောပြခဲ့ပါတယ်။

Welt am Sonntag သတင်းစာဆီ သူ့သုံးသပ်ချက်တွေကတော့ “Dalai Lama အဖွဲ့အစည်းသည် ၎င်းရဲ့ ရွယ်ရည်ချက်ကို ပြည့်စုံအောင်လုပ်သွားခဲ့ပြီ” ဆိုတဲ့ အရင်က သူ့ပြောဆိုချက်ကို ပဲ့တင်ရိုက်ခတ်တာဖြစ်ပါ တယ်။

“ကျွန်တော်တို့မှာ ရာစုနှစ် (၅) ခု နီးပါး Dalai Lama တစ်ဦးတည်းသာ ရှိခဲ့တယ်။ အခု (၁၄) ကြိမ်မြောက် Dalai Lama က အတော်လူ သိများတယ်။ လူသိများကျော်ကြားတဲ့ Dalai Lama တစ်ဦးနဲ့ အဆုံးသတ်ကြ ရအောင်” လို့ သူ မိန့်ကြားခဲ့တယ်။

အားနည်းတဲ့ Dalai Lama တစ်ဦးဦး တက်လာရင် Dalai Lama ကို အကြည်အညိုပျက်မှုသာလျှင် ဖြစ်စေ လိမ့်မယ် လို့ ရယ်မောလျက် သူထပ်လောင်းပြောကြားခဲ့ပါတယ်လို့ အင်္ဂလိပ်ဘာသာနဲ့ မေးမြန်းတဲ့ အင်တာဗျူးမှတ်တမ်းတစ်ခုအရ သိရပါတယ်။

တိဘက်တန် ဗုဒ္ဓဝါဒဟာ ပုဂ္ဂိုလ်တစ်ဦးတည်းပေါ် မှီတည်နေတာ မဟုတ်ပါဘူး။ စနစ်တကျပျိုးစုပျိုးထောင် ခဲ့တဲ့ ဘုန်းကြီးတွေနဲ့ ပညာရှင်တွေဖြင့် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကောင်းကောင်းတစ်ခု ကျွန်တော်တို့မှာ ပိုင်ဆိုင်ထားပါတယ်လို့လည်း ပြောကြားသွားခဲ့တယ်။

တရုတ်က တိဘက်ကို နယ်ချဲ့မတိုင်မှီ ၁၉၅၁ ကတည်းက အုပ်ချုပ်ခဲ့ပြီး အောင်မြင်မှုမရခဲ့တဲ့ တရုတ် အုပ်ချုပ်မှုဆန့်ကျင် ပုန်ကန်မှုပြီးသွားတဲ့နောက်ပိုင်း Dalai Lama ဟာ Himalayas တောင်ကျော တစ်လျောက်ကနေ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့တယ်။

၎င်း ၂၀၁၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ဟာ နိုင်ငံရေးတာဝန်ထမ်းဆောင်ရာကနေ အနားယူပြီး တိဘက်ပြေးအဖွဲ့အစည်းရဲ့ ဝန်ကြီးရာထူးရဲ့ အခန်းကဏ္ဍကို တိုးမြင့်ဆောင်ရွက်ခဲ့ပါတယ်။

သို့ပေမဲ့ ပြည်ပမှာနေရင်းနဲ့ပင် ကျန်ရစ်တဲ့ တီဘက်တွေအတွက် တန်ခိုးသြဇာအကြီးမားဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေပြီး အပြည်ပြည်ဆိုင်ရာ အသိမှတ်ပြုခံရတဲ့ ပုဂ္ဂိုလ်အဖြစ်လည်း ဆက်လက်ရှိနေဆဲပဲဖြစ်တယ်။

သူ့ရဲ့ နိုင်ငံရေး တာဝန်ကို ဘယ်လောက်ကြာအောင် ထမ်းဆောင်နေရဦးမှာလဲလို့ ဂျာမန်သတင်းစာကနေ မေးမြန်းခံရတဲ့အချိန်မှာ အသက် (၇၉) ရှိနေပြီဖြစ်တဲ့သူက ဆရာဝန်တွေကတော့ ကျွန်တော် အသက် (၁၀၀) အသက်ရှင်နိုင်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ငါ အသက် (၁၁၃) နှစ်ကျမှ သေရမယ်လို့ စဉ်းစားထား တယ်လို့ ပြောဆိုခဲ့ပါတယ်။

အသိအာရုံခံစားမှု ဆက်လက်တည်ရှိနေတရွေ့ ဒီလူ့လောကထဲကို ပြန်လာနိုင်မယ်လို့ မျှော်လင့်လျက် ဆုတောင်နေမိတယ်။ ဒီခန္ဓာနဲ့တော့မဟုတ်ဘူး။ ဒီစိတ်နဲ့အတူ ဝိညာဉ်ခန္ဓာနဲ့ ပြန်လာဖို့ ဆိုလိုချင်တာပါ။

တိဘက် ပြည်ပြန်လာလို့ ရနိုင်ဦးမလားလို့မေးမြန်းတဲ့အခါ ဟုတ်ကဲ့ ရနိုင်မှာပါ။ အဲဒါ သေချာပါတယ်။ တရုတ်နိုင်ငံက သီးခြားရပ်တည်နေလို့ မရတော့ပါဘူး။ ဒီမိုကရေစီ လူ့အသိုင်းအဝိုင်းဆီ ဦးတည်လိုက်ပါ ရမှာဖြစ်ပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Source: yahoo
Trend Myanmar

No comments:

Post a Comment

My Blog List