မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေကနေ့ ရင်ဆိုင်နေကြရတဲ့ လယ်သိမ်းယာသိမ်း ကိစ္စရပ်တွေမှာ ပြေလည်မှုမရရှိပဲ မြေယာသိမ်းခံရတဲ့ လယ်သမားတွေသာ ထောင်ဒဏ်ကျခံနေရတာတွေဟာ အုပ်ချုပ်ရေးပိုင်းက စီမံခန့်ခွဲမှုအားနည်း ချက်ကြောင့် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
အာအက်ဖ်အေရဲ့ အပတ်စဉ် ကဏ္ဍတစ်ခု ဖြစ်တဲ့ “ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်" အစီအစဉ်အတွက် မေးမြန်းရာမှာ အခုလို ပြောသွားတာဖြစ်ပါတယ်။
" လယ်တွေပေါ့နော် ပြန်ပြီးပေးဖို့ မူလပိုင်ရှင်တွေကို ဘယ်လိုဘယ်လိုအခြေအနေမျိုးဆိုရင် ပြန်ပေးမှာလည်းဆိုပြီးတော့ လွှတ်တော်ကတော့ အကြံပြုတယ်၊ ဒါပေမဲ့ လွှတ်တော်ကတော့ အကြံပေးတာပဲရှိတယ်၊ ဒီဟာကို အကောင်အထည်ဖေါ်ဖို့ ဟာက အုပ်ချုပ်ရေးပိုင်းဆိုင်ရာက အကောင်အထည်ဖေါ်ရမှာပေါ့ "
ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲအတွက် ပီအာစနစ်အသုံးပြုဖို့ ကြိုးပမ်းချက်တွေ အရှိန် မြင့်တက်လာနေတာ ဘယ်လို သဘောရပါသလဲလို့ မေးတဲ့အခါမှာ ဒီလိုရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးမယ်ဆိုရင် ပြည်သူပြည်သားတွေရဲ့ လိုလိုလားလား တောင်းဆိုချက်အရသာ ဖြစ်သင့်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပတော့ဘူးဆိုတဲ့ကိစ္စကို သူ့အနေနဲ့ကျေနပ်ကြောင်း စသဖြင့်လဲ ပြောကြားသွားပါတယ်။
RFA Burmese
No comments:
Post a Comment