Wednesday, September 10, 2014

လေကြောင်းရန် ကာကွယ်ရေးစနစ်သစ် တရုတ်စမ်းသပ်


တရုတ်နိုင်ငံက လေကြောင်းရန် ကာကွယ်ရေးစနစ်သစ် FD-2000 ကို ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံ မြောက်ပိုင်းကမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စမ်းသပ်ခဲ့ပါတယ်။ ဒီစနစ်သစ်ဟာ အဆင့်မြင့် တာဝေးပစ်ဒုံးကျည်တွေကို တိတိကျကျချိန်ပြီး လေထဲမှာတင် ပစ်ချနိုင်တာကို လက်တွေ့ စမ်းသပ်ခဲ့ကြ ပါတယ်။

စမ်းသပ်မှုမှာ ကီလို ၈၀ အကွာအဝေးက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကို FD-2000 စနစ်က မီတာ ၇၀၀၀ အမြင့် လေထဲ လမ်းခုလပ်မှာ ပစ်ချနိုင်ခဲ့တာကို တွေ့ရပါတယ်။

ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်ကို တရုတ်ကာကွယ်ရေးကုမ္ပဏီက ပုံစံထုတ်လုပ်ပြီး ၂၀၁၂ တရုတ်လေ ကြောင်းပြပွဲတခုမှာ ပထမဆုံးပြသခဲ့ပါတယ်။

တိုက်လေယာဉ်အုပ်တွေနဲ့ လေကြောင်းချီတိုက်ခိုက်မှုတွေကိုလည်း ကာကွယ် ဟန့်တားနိုင်တာကြောင့် လေယာဉ်ပျံတွေ၊ မောင်းသူမဲ့တိုက်လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ ပဲ့ဒုံးတွေကိုလည်း ကြားဖြတ်ဟန့်တားနိုင် တယ်လို့လည်း ဆိုပါတယ်။

FD-2000 လေကြောင်းရန် ကာကွယ်ရေးစနစ်မှာ အချိန်ပြည့်စောင့်ကြည့်နိုင်တဲ့ နည်းပညာတခုလည်း ထည့်သွင်းထားပါတယ်။

တရုတ် အာကာသသိပ္ဗံနဲ့ စက်မှုကော်ပိုရေးရှင်းရဲ့ ဒုံးကျည်ကျွမ်းကျင်သူ Shen Zhongfang က ပစ်မှတ် ၁၀၀ အထိ တချိန်တည်း စောင့်ကြည့်နိုင်ပြီး အဲဒီထဲက အန္တရာယ်အရှိဆုံး ပစ်မှတ် ၈ ခုကို တချိန်တည်း ဖျက်ဆီးနိုင်တယ်လို့ ပြောဆို ပါတယ်။

DVB

No comments:

Post a Comment

My Blog List