Tuesday, September 09, 2014

ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သဘောထားထုတ်ပြန်မှုအတွက် ကိုထင်ကျော်နှင့် ကိုနောင်နောင်တို့အား ကျောက်တံတားမြို့နယ်တရားရုံး၌ စတုတ္ထအကြိမ် ရုံးထုတ်စစ်ဆေး


ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများအား ကြားဖြတ်အစိုးရအဖြစ်တင်မြောက် သည်ဟု  MDCF အဖွဲ့မှ သဘောထားကြေညာချက် ထုတ်ပြန်ခဲ့မှုနှင့်ပတ်သက်၍ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်နှင့် ကိုနောင်နောင်တို့ အား ကျောက်တံတားမြို့နယ်တရားရုံးမှ ပုဒ်မ-၅ဝ၅(ခ)ဖြင့် တရားစွဲခဲ့ပြီး စက်တင်ဘာ ၈ ရက် နေ့လယ်ပိုင်းတွင် လိုပြသက်သေ သုံးဦး စစ်ဆေးခဲ့ကြောင်း သိရသည်။


“ဒီထုတ်ပြန်ချက်ကြေညာတုန်းက တစ်ရက်တည်း တစ်ချိန်တည်းလုပ်တဲ့ဟာကို ကိုနောင်နောင်ကို ၅ဝ၅ (ခ)နဲ့ တရားစွဲနေရင်းနဲ့ ပုဒ်မ ၁၈ ပါ ထပ်စွဲတာကတော့ သတိရလို့ ထစွဲတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ အမှန် တကယ်ဆိုရင် အစောကြီးကတည်းက ပုဒ်မ နှစ်ခုလုံးကိုစွဲသင့်ပါတယ်။ သတိရလို့ ထစွဲတဲ့ပုံစံမျိုးတော့ မဖြစ်သင့်ပါဘူး။ တစ်ရက်တည်းပြတာကို ပုဒ်မနှစ်ခုနဲ့ စွဲတာတော့မဖြစ်သင့်ဘူး”ဟု MDCF အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး က ဆိုသည်။

အဆိုပါရုံးချိန်းတွင် ပထမဆုံး ကိုနောင်နောင်ကို ပုဒ်မ ၁၈ ဖြင့် ရုံးထုတ်စစ်ဆေး ခဲ့ပြီး ထို့နောက်တွင် ကိုထင်ကျော်နှင့်ပူးတွဲကာ ပုဒ်မ ၅ဝ၅ (ခ)ဖြင့် ထပ်မံ၍ လိုပြစစ်ဆေးခဲ့၍ ရုံးချိန်းပြန်လည်ချိန်းဆို လိုက်ကြောင်း သိရသည်။

ထိုသို့ထုတ်ပြန်ခဲ့မှုကြောင့် အဖွဲ့ဝင် ကိုနောင်နောင်ကို ဇူလိုင် ၈ ရက်တွင် ဖမ်းဆီးခဲ့ပြီး ဩဂုတ် ၄ ရက်တွင် Bi မွန်းတည့်နေဂျာနယ်မှ သတင်းထောက် များနှင့်အတူ ပန်းဘဲတန်းမြို့နယ်တရားရုံးတွင် စတင်ရုံးထုတ်ခဲ့ သည်။ယင်းသို့ ရုံးထုတ်နေစဉ်အတွင်း  ကျောက်တံတားမြို့နယ်တရားရုံးသို့ ၎င်းအားလွှဲပြောင်း ခဲ့ကြောင်း သိရသည်။   

Eleven Media Group

No comments:

Post a Comment

My Blog List