Wednesday, September 10, 2014

ယူကရိန်းစစ်သုံ့ပန်း ၆၄၈ ယောက်ကို ခွဲထွက်ရေးတပ် ပြန်လွှတ်




ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းစစ်သုံ့ပန်း ၆၄၈ ယောက်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ယူကရိန်းစစ်တပ် ပြောခွင့်ရက စက်တင်ဘာ ၉ ရက်နေ့က ပြောပါတယ်။နောက်ထပ် စစ်သုံ့ပန်း အယောက် ၅၀၀ ကျော် လွတ်မြောက်ရေး ဆောင်ရွက်နေဆဲပဲလို့ သူက ဆက်ပြောပါတယ်။ စက်တင်ဘာ ၄ ရက်နေ့က စတင်သက်ရောက်တဲ့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး စည်းမျဉ်းတွေအရ ခုလို ပြန်လွှဲတာပါ။

“ဒန်ညက်စ်နဲ့ လူဟန့်စ်ဒေသတွေရဲ့ အခြေအနေက တင်းမာနေဆဲပဲ။ သူပုန်တွေ က သဘောတူညီချက်ကို ချိုးဖောက်တယ်။ တချို့မြို့တွေမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးတပ်တွေကို ပစ်ခတ်နေဆဲပဲ။ ယူကရိန်းတပ်တွေက အပစ်အခတ် ရပ်စဲရေး အခြေအနေကို တင်းတင်းကျပ်ကျပ် လိုက်နာပြီး တုံ့ပြန်တဲ့အနေနဲ့သာ ပြန်ပစ်တယ်”လို့ ယူကရိန်းစစ်တပ် ပြောခွင့်ရက အန်ဒရေ လစ်စန်ကိုက မြို့တော် ကိယက်ဗ်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အစိုးရဘက်ကရော သူပုန် စစ်သုံ့ပန်း ဘယ်နှယောက်ကို လွှဲပေးမလဲဆိုတဲ့ မေးခွန်းကိုတော့ သူက ချက်ချင်းပြန်မဖြေပါဘူး။

သမ္မတ ပတ်ထရို ပိုရိုရှန်ကိုကတော့ သူပုန်တွေက စစ်သုံ့ပန်းအယောက် ၁၂၀၀ ပြန်လွှတ်ခဲ့ပြီးပြီလို့ စက်တင်ဘာ ၈ ရက်နေ့က ပြောပါတယ်။

လစ်စန်ကိုကတော့ စုစုပေါင်းကို ရည်ညွှန်းတာ ဖြစ်ပြီး ကျန်တဲ့ စစ်သုံ့ပန်းတွေက ခွဲထွက်ရေး သမားတွေလက်ထဲမှာ ရှိဆဲလို့ ယုံကြောင်း ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးစတည်းက ယူကရိန်းစစ်သား ၅ ယောက် သေပြီး ၃၃ ယောက် ဒဏ်ရာရတယ်လို့ လစ်စန်ကို ပြောခဲ့ ပါတယ်။

DVB

No comments:

Post a Comment

My Blog List