Wednesday, September 10, 2014

ခါကာဘိုရာဇီတောင်တက်အဖွဲ့ ၆ ဦး ပြန်ရောက်၊ ၂ ဦး အဆက်အသွယ်ပြတ်



ခါကာဘိုရာဇီတောင်တက်အဖွဲ့ဝင် ၈ ယောက်မှာ တောင်ခြေစခန်းတွေကနေ အထောက်အပံ့ ပေးတဲ့ ၆ ယောက်နဲ့ အဆက် အသွယ်ရပြီး တောင်ထိပ်ကို တက်သွားကြတဲ့ ကျန် ၂ ယောက် အဆက်အသွယ်မရသေးဘူးလို့ အမည်မဖော်လိုသူ တောင်တက်အသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ ကျန် ၆ ယောက်ကတော့ အောက်ဆုံးတောင်ခြေစခန်းရှိရာ သဟောင် တန်းရွာကို ဆင်းလာကြပြီ ဖြစ်ပြီး ကျန်းမာရေးအခြေအနေလည်း ကောင်းတယ်လို့ ဆိုပါတယ်။
ဆက်သွယ်ရေးစက် အခက်အခဲကြောင့် တောင်ထိပ်မှာ မြန်မာအလံစိုက် ထူနိုင်ခဲ့ကြတဲ့ ကိုအောင်မြင့်မြတ် နဲ့ ဝေယံမင်းသူ အဆက်အသွယ် မရသေးတာ ဖြစ်နိုင်ပြီး ပြန်ဆင်းလာတဲ့ လမ်းကြောင်းမှာပဲ ရှိနေသေးနိုင်ကြောင်းလည်း ထပ်ပြောပါတယ်။

တောင်ထိပ်ထိအောင် တက်သွားကြတဲ့ အဲဒီ ၂ ဦးဟာ အမြင့်ပေ ၁၉၂၉၆ ရှိ ခါကာဘိုရာဇီ တောင်ထိပ်ကို သြဂုတ် ၃၁ ရက် ညက ရောက်ရှိပြီး မြန်မာအလံ စိုက်ထူနိုင်ခဲ့တာပါ။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကလည်း ရဟတ်ယာဉ်တွေနဲ့ လိုက်ကြည့်အကူ အညီပေးဖို့ ရန်ကုန်ကနေ ဒီနေ့မှာ စထွက်ဖို့ ပြင်ဆင်ထားတာတွေ ရှိနေပါတယ်။

ခုဆို တက္ကသိုလ်ခြေလျင်နဲ့ တောင်တက်အသင်း အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့် ကိုယ်တိုင် ဒီနေ့မှာ ပူတာအိုကို လိုက်သွားပြီလို့လည်း ဆိုပါတယ်။

ခါကာဘိုရာဇီတောင်မှာ မိုးအနည်းငယ်ရွာနေပြီး ရာသီဥတု အခြေအနေ အရမ်း မဆိုးရွားဘူးလို့ ဆိုပါတယ်။

ကိုအောင်မြင့်မြတ်ဦးဆောင်တဲ့ ခါကာဘိုရာဇီတောင်တက်အဖွဲ့တွေဟာ ဇူလိုင်လ ၃၁ ရက်နေ့က ပူတာအိုကနေ တောင်တက် ခရီးစဉ် စတင်ခဲ့ကြပြီး သြဂုတ် ၃၁ ရက်နေ့မှာ ခါကာဘိုရာဇီတောင်ထိပ်ကို ရောက်ရှိခဲ့ကြပြီးနောက် အဆက်အသွယ် ပြတ်နေ ခဲ့တာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List