မလေးရှားနိုင်ငံပိုင် MH370 ခရီးသည်တင် လေယာဉ် ပျောက်ဆုံးတာ ၆ လ ရှိသွားပြီဖြစ်ပြီး လေယာဉ်ကို ရှာတွေ့ဖို့ အလားအလာရှိတယ်လို့ ပြောဆိုနေကြပါတယ်။ အဆိုပါ မလေးရှားလေယာဉ်ဟာ လူပေါင်း ၂၃၉ ဦးတင်ဆောင်ပြီး ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံကို အသွားမှာ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။
လေယာဉ်ကို နည်းလမ်းသစ်တွေနဲ့ ရှာဖွေမှာဖြစ်ပြီး အဲဒီအထဲမှာ ရေနက်ရာဒေသကို စမ်းသပ်စစ်ဆေးနိုင် မယ့် စနစ်တွေပါဝင်တဲ့ သင်္ဘောတွေကို ဒီလနှောင်းပိုင်းမှာ စတင်အသုံးပြုဖို့ ရှိတယ်လို့ အေဘီစီ သတင်းထောက် David Weber က သတင်းပေးပို့ထားပါတယ်။
အဲဒီလေယာဉ်ဟာ အနောက်သြစတြေးလျပြည်နယ်နဲ့ ကီလိုမီတာ ၁၈၀၀ အကွာလောက်မှာရှိတဲ့ အိန္ဒိယ သမုဒ္ဒရာအတွင်းက စတုရန်းကီလိုမီတာ ခြောက်သောင်းလောက်မှာ ရှိမယ်လို့ ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ထားပါတယ်။
MH370 လေယာဉ်ဟာ ထင်ထားတာထက်တောင် စောပြီးတော့ တောင်ဘက်ပိုင်းကို ဦးတည်ခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
သြစတြေးလျနိုင်ငံက ခရီးသွားလာရေးဆိုင်ရာ လုံခြုံရေးအရာရှိတစ်ဦးကတော့ ပင်လယ်ကြမ်းပြင်မှာ မြေပုံ ဆွဲရာက မာကျောတဲ့ အရာဝတ္တု ရှိကြောင်း စမ်းသပ်မိပေမယ့် အဲဒီအရာဝတ္တုဟာ ရေအောက်ကျောက် တန်းတွေ ဖြစ်နိုင်တယ်လို့လည်း ယူဆနေကြပါတယ်။
ABC

No comments:
Post a Comment